သတင်းများ

ရပ်စောက်၌ ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်း ကွင်းဆင်ဆောင်ရွက်
Jul 23,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရပ်စောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၃၆) ကျောင်းမှ ကျောင်းသား/ကျောင်းသူ ဦးရေ (၁၂၄၃၉) ဦးအား ဇူလိုင်လအတွင်း အခြေခံကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနှင့် အာဟာရအခြေအနေ စစ်ဆေးပေးခြင်း၊ ပဏာမမျက်စိစစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်း စစ်ဆေးကုသခြင်းနှင့် KG ကလေးငယ်များအတွက် သွားတိုက်ဆေး၊ သွားတိုက်တံထောက်ပံ့ခြင်း၊
ပုလောမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 23,2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ပုလောမြို့ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဘက်ရဲမြို့၌ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်
Jul 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက သွေးလွန်တုပ်ကွေးရောဂါကြို တင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာဦးစီးဌာနမှူး ဒေါက်တာလှထွန်းဇော် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဘက်ရဲမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ တက်ရောက်ခဲ့ကြသည်။
ကြံခင်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UID ဆောင်ရွက်
Jul 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်း​မြို့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (Biometric) အချက်အလက်ကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်တွင် မြန်မာ့စီးပွားရေးဘဏ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ရုံးဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်​ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လိပ်သိုဒေသတွင် ဒရင်ကောက်ရွက်များ လှိုင်လှိုင်ပေါ်ချိန် ချိုးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိ
Jul 23,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး အေးမြစိုစွတ်သော တောင်ပေါ်ဒေသဖြစ်ခြင်းကြောင့် ကျေးရွာအများစုမှာ စိမ့်စမ်းရေများမှ ဖြစ်ပေါ်လာသော စမ်းချောင်းငယ်လေးများတွင် ဒရင်ကောက်ရွက်များ များပြားစွာ ပေါက်ရောက်လျက်ရှိနေကြောင်း သိရသည်။
ရပ်စောက်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး
Jul 23,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ရပ်စောက်မြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေးခြင်းကို ယနေ့နံနက် ၈ နာရီမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပလောက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး Abate (အဘိတ်) ဆေးခတ်ခြင်နှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်
Jul 23,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ခြင်၊ ပိုးလောက်လမ်းများ ရှင်သန်ပေါက်ဖွားမှုကို ဟန့်တားစေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ကာ တိုက်နယ်ကျန်းမာရေးဦးစီးဌာနမှ အမှတ် (၁) ရပ်ကွက်၌ အဘိတ် (Abate) ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငပုတောမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ ကွင်းဆင်းဆောင်ရွက်
Jul 23,2025
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် ပညာရေးဌာနနှင့်ပူးပေါင်း၍ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူလေးများ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချ တတ်စေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ စာဖတ်ခြင်း အလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများသို့ သွားရောက်၍ လူငယ်သိပညာပေး ဟောပြောပွဲများဆောင်ရွက်ခြင်း၊ လူငယ်အသိပညာပေးပြပွဲများ ပြသခြင်းတို့ကို ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့က ငပုတောမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲနှင့် ပြပွဲလှုပ်ရှားမှုများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။