Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
သီရိ ငါးမြို့နယ် အတွင်းရှိ လုပ်ငန်းရှင်များအား ပြေစာများအပေါ်၌ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းနှင့်စပ်လျဥ်း၍ အခွန်ပညာပေးရှင်းလင်း ဆွေးနွေး
Jul 23,2025
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက အခွန်ထမ်းပြည်သူများနှင့် စားသောက်ဆိုင်၊ KTV၊ ဟိုတယ်၊ တည်းခိုခန်း၊ ရွှေဆိုင်၊ မိုဘိုင်း ဖုန်းဆိုင်နှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင်လုပ်ငန်း ရှင်များအားကုန်သွယ်လုပ်ငန်း ခွန်သတ်မှတ်ချက်နှင့်အညီ ပြေစာများအပေါ်၌ အခွန်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်စပ်လျဉ်း၍ အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးအသိပညာပေးဟောပြောပွဲနှင့် ဗီဒီယိုကလစ်အား ကွင်းဆင်းဆောင်ရွက်
Jul 23,2025
မူဆယ်မြို့အတွင်းနေထိုင်လျက်ရှိသော အများပြည်သူများနှင့် ကျောင်းသားလူငယ်များအား မိမိတို့ကိုင်ဆောင်အသုံးပြုလျက်ရှိသော မိုဘိုင်းဖုန်းများမှတစ်ဆင့် လိမ်လည်ခြင်းများကို သိရှိနိုင်စေရန်နှင့် လိမ်လည်ခြင်းခံရပါက အသိသတိရှိရှိဖြင့် ရှောင်ရှားနိုင်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်အတွင်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ချယ်ရီခန်းမတွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်ခရိုင်တွင် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် စာအုပ်၊ စာစောင်များ ပြသ
Jul 23,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား၊ကျောင်းသူများ ဗဟုသုတပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် စာအုပ်စာစောင်များပြသခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ရက်တွင် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင်းရှောက်မှုများ ဆောင်ရွက်ပေး
Jul 23,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ ပင်စင်လစာထုတ်ရက်တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့တွင် သဘာဝဘေးရှာဖွေကယ်ဆယ်ရေးအဖွဲ့ စုဖွဲ့ထားရှိမှုနှင့်ကယ်ဆယ်ရေးပစ္စည်းများ စုစည်းထားရှိမှု အခြေအနေအား စစ်ဆေးဆောင်ရွက်
Jul 23,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီမှ သဘာဝဘေးရှာဖွေကယ်ဆယ်ရေးအဖွဲ့ စုဖွဲ့ထားရှိမှုနှင့် ကယ်ဆယ်ရေးပစ္စည်းများ စုစည်းထားရှိမှုအခြေအနေအား စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများစုပေါင်း၍ (ပထမအကြိမ်) ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Jul 23,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူး၍ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ (ပထမအကြိမ်) ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မိတ္ထီလာမြို့ နဂါးရုံမဟာဗောဓိစေတီတော် ပညာဓိတန်ဆောင်းတော်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UID ဆောင်ရွက်ပေး
Jul 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများထုတ်ပေးရာတွင် အဆင်ပြေစေရန် လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ယနေ့နံနက်ပိုင်းက (UID) Unique Identity ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ်၌ ကမ်းပါးပြို၍ ပြောင်းရွှေ့ခဲ့သည့် မိသားစုအား ပြောင်းရွှေ့စရိတ်ပေးအပ်
Jul 23,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာအုပ်စု၊ ရွှေခဲကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားသဖြင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသည့် နေအိမ်တစ်လုံးမှ မိသားစုအား ယမန်နေ့မွန်းလွဲပိုင်းအချိန်က ပြောင်းရွှေ့စရိတ်နှင့်ဆန်ရိက္ခာဖိုး သွားရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3692
Page
3693
Page
3694
Page
3695
Current page
3696
Page
3697
Page
3698
Page
3699
Page
3700
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department