သတင်းများ

ကျောက်ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား UID (Unioue Identity) များ ဆောင်ရွက်
Jul 24,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုးပိုင်နှင့် ဝန်ထမ်းများက၊ နိုင်ငံ့ဝန်ထမ်း အငြိမ်စားများ၊ ပင်စင်ထုတ်ယူရာတွင် ပိုမိုလျှင်မြန်လွယ်ကူစွာ ထုတ်ယူရရှိနိုင်စေရေးအတွက်၊ UID (Unioue Identity) (ခေါ်) Smart Card များကို၊ ယမန်နေ့ နံနက်က မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုးပိုင်ထံမှ သိရသည်။
လယ်ဝေးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
Jul 24,2025
ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်ထုတ်ယူရာတွင် လွယ်လင့်တကူဖြစ်စေရေးအတွက် UID ကတ်များကို နေ့ချင်းပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့နံနက်က မြန်မာ့စီးပွားရေးဘဏ်၊ လယ်‌ဝေးဘဏ်ခွဲတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်၌ ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေးနှင့် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး တွေ့ဆုံဆွေးနွေး၍ ကွင်းဆင်းစစ်ဆေး
Jul 24,2025
စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းသည် ယမန်နေ့ နံနက်ပိုင်းက လယ်ဝေးမြို့၊ အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်များ၌ ဆောင်ရွက်လျက်ရှိသည့် ရာသီပြည့်သီးနှံ စိုက်ပျိုးရေးနှင့်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်မည့်လုပ်ငန်းများအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့၌ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် မယ်ဆိုင်ချောင်းရေ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်၍ ရေကြီးရေလျှံမှုဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်ပြင်ဆင်နိုင်ရန် အသိပေးနှိုးဆော်
Jul 24,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မိုးအဆက်မပြတ်ရွာသွန်းခြင်းနှင့်အတူ တောင်ကျချောင်းရေများစီးဆင်းကာ မယ်ဆိုင်ချောင်းရေမြင့်တက်လာခြင်းကြောင့် ယမန်နေ့ ည ၇ နာရီက မယ်ဆိုင်ချောင်း ရေအမှတ် ၃၉၂ စင်တီမီတာသို့ရောက်ရှိကာ အနိမ့်ပိုင်းရပ်ကွက်များတွင် ရေများဝင်ရောက်နေပြီဖြစ်သဖြင့် ကြိုတင်ပြင်ဆင်နိုင်ရန် အသိပေးနှိုးဆော်ထားလျက်ရှိသည်။
မင်းဘူးမြို့ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)မြို့မကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jul 24,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အခြေပညာအထက်တန်းကျောင်း(ခွဲ) မြို့မကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နေ့လယ် ၁ နာရီက မြို့မကျောင်းခန်းမ၌ ကျင်းပသည်။
ပြင်ဦးလွင်မြို့တွင် နိုင်ငံ့၀န်ထမ်းပင်စင်စား(အငြိမ်းစား)များအား Biometric အချက်အလက်များနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်
Jul 24,2025
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် နိုင်ငံ့၀န်ထမ်းပင်စင်စား(အငြိမ်းစား)များအား ဇီ၀ဆိုင်ရာအချက်အလက်(Biometric)များကောက်ယူခြင်းနှင့်   UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများကို  ဇူလိုင် ၂၁ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ပြင်ဦးလွင်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိသည်။
တပ်ကုန်းမြို့၌ ကောက်စိုက်စက်ဖြင့် မိုးစပါး ကွင်းသရုပ်ပြစိုက်ပျိုးခြင်းကျင်းပ
Jul 24,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ဦးဆောင်၍ ကောက်စိုက်စက်ဖြင့် မိုးစပါးကွင်းသရုပ်ပြစိုက်ပျိုးခြင်းကို ယမန်နေ့လယ်ပိုင်းက အင်ဖက်ကုန်းကျေးရွာ၊ ကွင်းအမှတ် ၁၃၀၅ ကွင်း၊ တောင်သူ ဦးရွှေညိုလယ်မြေတွင် ကျင်းပခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးနှင့် ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်၊ မျိုးစေ့၊ သွင်းအားစုပေးအပ်ပွဲ တက်ရောက်
Jul 24,2025
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်း မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် နေပြည်တော်လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်ယဉ်နွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့ဝင်များ၊ နေပြည်တော်(MSME)အသင်းဒုဥက္ကဋ္ဌ၊ မြို့နယ်(MSME)အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆန်၊ ဆီစက်လုပ်ငန်းရှင်များ၊ မျိုးစေ့ထုတ်ကုမ္ပဏီများမှတာဝန်ရှိသူများ၊ မြို့ပေါ်(၆)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌရုံးခန်းတွင် ကျင်းပခဲ့သည်။