သတင်းများ

တောင်တွင်းကြီးမြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Biographic/Biometric ကောက်ယူကာ Unique ID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းဆောင်ရွက်ပေးလျက်ရှိ 
Jul 24,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် တောင်တွင်းကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကိုယ်ရေးအချက်အလက်(Biographic)၊ ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို တောင်တွင်းကြီးမြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ One Stop Service ဖြင့် နေ့ချင်းပြီးဆောင်ရွက်ပေးခြင်းလုပ်ငန်းအား ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ပေးခဲ့သည်။
ပန်းဘဲတန်းမြို့နယ်  Community Centre ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
Jul 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ ‌ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်ရုံး Community Centre ခန်းမ၌ ဇူလိုင်လ ၂၂ ရက်နေ့နံနက် ၁ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ် အ-ထ-က(၃၂)ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Jul 24,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ-ထ-က (၃၂)ကျောင်းခန်းမ၌ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
နတ်မောက်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၈၀)နှစ်အထက် သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး
Jul 24,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၈၀)နှစ်အထက် သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လစဉ်အခမဲ့ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့သည်။
ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) အစည်းအဝေးခန်းမတွင် ပြိုင်ပွဲကျင်းပ
Jul 24,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပကာ စွမ်းရည်မြှင့်ပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre) အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
သံဖြူဇရပ်မြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့် အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်
Jul 24,2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့် အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ဇူလိုင် ၂၁ ရက်​နေ့နှင့် ၂၂ ရက်​နေ့​တို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။
မန္တလေးမြို့ ကချင်ပြည်နယ်သာရေးနာရေးအသင်းက (၁၂)ကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းလှူ
Jul 24,2025
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း (၈၀) ပေါ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းဂေါပကအဖွဲ့က ဦးစီး၍  မန္တလေးမြို့ ကချင်ပြည်နယ်သာရေးနာရေးအသင်းက (၁၂)ကြိမ်မြောက် (တတိယပတ်) စုပေါင်းဘုံ ဆွမ်းလောင်းလှူပွဲကို ယနေ့နံနက် ၆ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မြဝတီမြို့နယ်အတွင်း သောင်ရင်းမြစ်ရေ ဝင်ရောက်မှုကြောင့် မြေနိမ့်ပိုင်းရှိ အိမ်ထောင်စုများ ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်း
Jul 24,2025
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် သောင်ရင်းမြစ်ရေချိန်သည် (1131 cm) စိုးရိမ်ရေအမှတ် (963 cm) သို့ရောက်ရှိနေပြီဖြစ်သည့်အတွက် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်လျက်ရှိကြသည့် အိမ်ထောင်စုများမှာ ယမန်နေ့ ညနေ ၄ နာရီမှ စတင်၍ ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။