သတင်းများ

ချောင်းဆုံမြို့နယ်၌ မိုးစပါးစိုက်ဧက(၂၁၁၁၇)ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး ပြီးစီး
Jul 24,2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးခြင်းကို မေလ(၁၉)ရက်နေ့က မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)တွင် စတင်ထုတ်ချေးပေးလျက်ရှိရာ ဇူလိုင်(၂၂)ရက်နေ့အထိ ကျေးရွာ(၄၅)ရွာရှိ တောင်သူ (၃၀၅၄)ဦး၏ စိုက်ဧက(၂၁၁၁၇)ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ(၃၁၆၇၅၅၀၀၀၀) ကျပ် ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။
ဂန့်ဂေါမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 24,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ မိုးရာသီကာလတွင်အဖြစ်များသော သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်းအဖွဲ့ဝင်များက ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက်အတွင်းရှိ နေအိမ်များသို့ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြသည်။
နတ်မောက်မြို့၌ လူငယ်များစာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Jul 24,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေး၊ စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုပိုမိုရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ် အ-ထ-က(၃၂)တွင် လူငယ်ရေးရာဟောပြောပွဲ ကျင်းပ
Jul 24,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်၊ ဘုန်းတော်ကြီးကျောင်း-၁ တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက လူငယ်ရေးရာ ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပဆောင်ရွက်ခဲ့သည်။
ပေါင်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Jul 24,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၂၂ ရက်နေ့နံနက် (၉)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ပြည်ကြီးတံခွန်မြို့နယ် အ.ထ.က (၃၂) တွင် လူငယ်ရေးရာဟောပြောပွဲ ကျင်းပဆောင်ရွက်
Jul 24,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ.ထ.က (၃၂) ကျောင်း ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က လူငယ်ရေးရာဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပဆောင်ရွက်ခဲ့သည်။
ရေနံချောင်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေးလျက်ရှိ
Jul 24,2025
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာလာရောက်ထုတ်ယူလျက်ရှိသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဇီဝဆိုင်ရာအချက်လက်(Biometric)ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ဇူလိုင် ၁ ရက်နေ့မှစတင်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၂၄ ရက်နေ့အထိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ၁၁၅၁ ဦးအား UID နံပါတ်များထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။
နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Jul 24,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ပညာရေးဌာနနှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ယမန်နေ့နံနက် (၉)နာရီအချိန်က မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့သည်။