သတင်းများ

ကန်ကြီးထောင့်မြို့နယ်၊ အ.ထ.က(ဒါးက)စာသင်ကျောင်းဝန်းအတွင်း၌ (၃)ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်နိုင်ရေး ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ
Jul 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာအုပ်စု၊ အ.ထ.က (ဒါးက) စာသင်ကျောင်းဝန်းအတွင်း၌ ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်တွင် အခြေခံပညာဦးစီးဌာနမှ တင်ဒါခေါ် ယူရာ ငွေကျပ်သန်း ၁၂၂၃.၁၅၁ ဖြင့် တင်ဒါအောင်မြင်ခဲ့သည့် SS Safari Sociaty ကုမ္ပဏီမှ ဆောက်လုပ်မည့် (၁၄၀×၃၀)ပေ RCC(၃)ထပ် ကျောင်းဆောင်သစ်ပန္နက်တင်မင်္ဂလာ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ဒါးကကျေးရွာရှိ အ.ထ.က-ဒါးကစာသင်ကျောင်းဝန်းအတွင်း အဆိုပါမြေနေရာတွင် ကျင်းပခဲ့ကြကြောင်း သိရသည်။
လေးဆယ်ကုန်းကျေးရွာ၌ ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီ(၁၁၀)ပိဿာ ရောင်းချပေး
Jul 24,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကျေးလက်နေပြည်သူများ အခြေခံစားသောက်ကုန်ဖြစ်သည့် စားသုံးဆီအခက်အခဲမရှိရေး ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စဉ်ဆက်မပြတ်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လေးဆယ်ကုန်းကျေးရွာ၌ ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီ(၁၁၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၊ ကန်သုံးဆင့်တွင်ပြုလုပ်သည့် သဘာဝရေပြင်ငါးမျိုး စိုက်ထည့်ခြင်း အခမ်းအနားတက်ရောက်
Jul 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကန်သုံးဆင့်တွင် သဘာဝရေပြင် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ပြည်သူများတက်ရောက်ခဲ့ပြီး ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။
လွိုင်ကော်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရုံးစာရေးသားနည်းသင်တန်း ဖွင့်လှစ်သင်ကြား
Jul 24,2025
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကယားပြည်နယ်အတွင်းရှိ ဝန်ထမ်းများ တစ်ဦးချင်းအရည်အသွေးများ တိုးတက်စေရေးနှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်၍ ရုံးစာရေးသားနည်းသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၂ ရက် နံနက် ၉ နာရီခွဲတွင် လွိုင်ကော်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
မုံရွာမြို့၌ တိုင်းဒေသကြီးဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက် ၂၀၂၃-၂၀၂၄၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Jul 24,2025
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်း လီမိတက် ၂၀၂၃-၂၀၂၄၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက တိုင်းဒေသကြီးသမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့နယ်၌ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ
Jul 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့တွင် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးတို့အတွက် ရည်ရွယ်ပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန် မြှင့်တင်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဖျာပုံမြို့နယ် အ.ထ.က (ကျုံတာ) ချယ်ရီ​​ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များအား ဆန်၊ ဆီနှင့် ရိက္ခာခြောက်များ ထောက်ပံ့ပေးအပ်
Jul 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များအား ဆန်၊ ဆီနှင့် ရိက္ခာခြောက်များ ထောက်ပံ့ပေးအပ်ပွဲကို ဇူလိုင် ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြို့နယ်ကျန်းမာရေးဦးစီးဌာနရုံးတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး အရှိန် အဟုန်မြှင့်ဆောင်ရွက်ရန် ညှိ့နှိုင်းအစည်းအဝေးကျင်းပခြင်းနှင့် ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Jul 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် မြို့နယ်ကျန်းမာရေးဦးစီးဌာနရုံးတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး အရှိန်အဟုန်မြင့်ဆောင်ရွက်ရန် ညှိ့နှိုင်းအစည်းအဝေးကို ဇူလိုင်လ ၂၁ ရက်နေ့နံနက် (၉:၃၀) အချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။