သတင်းများ

ကွမ်းခြံကုန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ
Jul 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်နှင့် ရောဂါဖြစ်ပွားမှုမှ ကြိုတင်တားဆီးကာကွယ်နိုင်စေရန်ရည်ရွယ်၍ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းကို‌ တောင်ဘက်ပိုင်းရပ်ကွက်တွင် ဇူလိုင် ၁၆ ရက်နေ့မှစ၍ အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများအား‌ အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်နေကြောင်း သိရသည်။
မြောင်းမြမြို့တွင် ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများ တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်
Jul 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြို့ပေါ်ရပ်ကွက်များ၌ မိုးရာသီအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများအား တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ (၂း၀၀) နာရီအချိန်က အမှတ်(၈)ရပ်ကွက်၊ ဗိုလ်ဗထူးလမ်းဘေးဝဲ/ယာ၌ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ
Jul 24,2025
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြစို့" ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်အစီအစဉ်ဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာစီစာကုံးရေးသားနည်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Jul 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ညနေ ၄ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာစီစာကုံးရေးသာနည်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ငလျင်ဘေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲကျင်းပ
Jul 24,2025
စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ငလျင်ဘေးဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်နည်းလမ်းများ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသပွဲကိုယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (ဒီဇယ်)၌ ကျင်းပခဲ့ကြကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲသည့်သစ်ပင်အား မီးသတ်တပ်ဖွဲ့ဝင်များ ဖယ်ရှားရှင်းလင်း
Jul 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၃)ရပ်ကွက် ကန်ကောက်ရေကန်အနီးတွင် ဇူလိုင်(၂၃)ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုကြောင့် ဗာဒံပင်ပြိုလဲခဲ့ပြီး လမ်းမပေါ်ပိတ်ဆို့နေသဖြင့် ယနေ့နံနက် (၇) နာရီခန့်တွင် မီးသတ်တပ်ဖွဲ့ဝင်များ ဖယ်ရှားရှင်းလင်းခဲ့ကြကြောင်း သိရသည်။
အိမ်မဲမြို့နယ် ကျေးလက်လမ်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
Jul 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အိမ်မဲ-ဝါးခယ်မကားလမ်းမကြီးမှ ကြာတန်းကျေးရွာသို့ ဆက်သွယ်သော လမ်းကျောက်ချောခင်းခြင်း(ဝ/၃)မိုင်လုပ်ငန်းနှင့် တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျွဲလမ်း-ကမ်းနားထိန်ငူလမ်း ကွန်ကရစ်ခင်းခြင်း (၀/၂.၂) မိုင် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့အား ဇူလိုင်လ(၂၂)ရက်နေ့ မွန်းလွဲပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေးက ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇလွန်မြို့နယ်၌ ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လမ်းအား ကြည့်ရှုစစ်ဆေး
Jul 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ပဆင-ညောင်ပင်စျေး-ကြပ်ကြီး-သရက်တပင်-ညောင်ကုန်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ယမန်နေ့နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးကျော်ကျော်ထွေး၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ဇော်မင်း၊ ဟင်္သာတခရိုင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်နိုင်ဝင်းနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။