သတင်းများ

မြစ်သားမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UIDကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
Jul 24,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်ထုတ်ယူရာတွင် လွယ်လင့်တကူ ဖြစ်စေရေးအတွက် နံပါတ်ဆယ်လုံးပါ UID ကတ်များကို နေ့ချင်းပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦး စီးမှူးရုံး ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စား(အငြိမ်းစား)များအား Biometric အချက်အလက်နှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းဆောင်ရွက်
Jul 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စား (အငြိမ်းစား)များအား Biometric အချက်အလက်နှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၅) ရပ်ကွက်၊ ၁၃ လမ်းရှိ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် အခမ်းအနားကျင်းပ     
Jul 24,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးဇော်ထူးနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် ငလျင်ဘေးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jul 24,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ပြည်သူများ ငလျင်ဘေးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ကျောက်ဆည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့နံနက် (၁၀) နာရီက ဘောဂဝတီရပ်ကွက် ရွှေကျွန်းမြေဓမ္မာရုံတွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား Biometric (UID)ကတ်ဆောင်ရွက် ပေးမှု ၁၃၀၀ ဦးကျော် ဆောင်ရွက်ပြီးဖြစ်
Jul 24,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌(အငြိမ်းစား) နိုင်ငံ့ဝန်ထမ်းများအား Biometric (UID)ကဒ်များ နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ၁၃၀၀ ဦး  Biometric (UID)ကတ်များ ပြုလုပ်ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ် မီးသတ်ဦးစီးဌာန၌ သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး အသင့်ဖွဲ့စည်းထား
Jul 24,2025
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ကာကွယ်ရေး အနေဖြင့် အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်နိုင်ရန် ဇူလိုင် ၂၃ ရက် မွန်းလွဲ ၃ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၌ လူအင်အား၊ စက်ပစ္စည်းများစွာဖြင့် အသင့်ပြင်ဆင် စုဖွဲ့ထားလျက်ရှိသည်။
ပုဂံဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jul 24,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံရှေးဟောင်းသုတေသနပြတိုက် အစည်းအဝေးခန်းမ၌ ပုဂံဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကော်မတီ (မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးခရိုင်) ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် သဘာ၀ဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များအားကြည့်ရှုစစ်ဆေး
Jul 24,2025
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များသည် ယ​မန်နေ့မွန်းလွဲပိုင်းကမြို့နယ်မီးသတ်စခန်းတွင် ဝီဖာမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်မှုများ ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား ကြိုတင် ပြင်ဆင်‌ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။