သတင်းများ

မိုင်းခတ်မြို့နယ်၌ နိုင်ငံဝန်ထမ်း(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူ
Jul 24,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက်များကောက်ယူခြင်းနှင့် UID ကတ်များ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မိုင်းခတ်မြို့နယ်၊မြန်မာ့စီးပွားရေးဘဏ်(ငွေတိုက်ခွဲ)၌ ကွင်းဆင်းဆောင်ရွက်သည်။
၂၀၂၅-ခုနှစ် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီကြွချီပူဇော်ခံပွဲတော်ကာလအမီ စံကျောင်းတော်ပြုပြင်မွမ်းမံရေးလုပ်ငန်းများ အင်တိုက်အားတိုက်ဆောင်ရွက်ရာ ဒေသခံပြည်သူများ ဝိုင်းဝန်းပူးပေါင်းပါဝင်
Jul 24,2025
၂၀၂၅-ခုနှစ် မတ်လ(၂၈)ရက်နေ့က အင်အားပြင်းထန်စွာလှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်ကြောင့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရတနာစံကျောင်းတော်ကြီးနှင့် ဒေသစာရီကြွချီပူဇော်ခံရာဌာနအချို့ ထိခိုက်ပျက်စီးခဲ့ရပြီး ယခုနှစ်ဒေသစာရီကြွချီပူဇော်ခံပွဲတော်ကာလအမီ ပြုပြင်မွမ်းမံရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၏ ပံ့ပိုးကူညီထောက်ပံ့မှု၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှု၊ စေတနာရှင်အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းမှုများဖြင့် ကျွမ်းကျင်ပညာရှင်ကြီးများ၊ စက်ယန္တယားကြီးများဖြင့် အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူများကလည်း လုပ်အားဒါနပါဝင်ကုသိုလ်ယူ၍ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည်။   
အလုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ခရိုင်အဆင့် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ အလုံလမ်း၊ ခရိုင်တရားရုံး၌  ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။
အောင်လံမြို့၌ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား UID Biometric Data များ ကွင်းဆင်းကောက်ယူဆောင်ရွက်
Jul 24,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား UID Biometric Data များ ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို ယနေ့ နံနက် ၁၀ နာရီက အောင်လံမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရေးအတွက် ပုဂ္ဂလိကဆေးခန်းများနှင့် ညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 24,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် သွေးလွန်းတုပ်ကွေးရောဂါကာကွယ်နိုင်ရေးအတွက် ပုဂ္ဂလိကဆေးခန်းများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဟိုပုံးမြို့နယ် မိုးသီးနှံမျိုးစေ့ထုတ်နှင့် စံပြစိုက်ခင်းများအတွက် မျိုးစေ့ချကိရိယာ၊ မျိုးစေ့နှင့် ဓာတ်မြေဩဇာများ ပေးအပ်
Jul 24,2025
ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုးသီးနှံမျိုးစေ့ထုတ်နှင့် စံပြစိုက်ခင်းများအတွက် မျိုးစေ့ချကိရိယာ၊ မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ပြုလုပ်သည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် အလုပ်သမားများ၏ဥပဒေ ရပိုင်ခွင့်များဆိုင်ရာ အသိပညာပေးဆွေးနွေး
Jul 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ဒဂုံဆိပ်ကမ်းစက်မှုဇုန်၌ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာကိစ္စရပ်များနှင့် အလုပ်သမားများ၏ဥပဒေ ရပိုင်ခွင့်များဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းကို ဇူလိုင် ၂၁ ရက်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ပေါ်ရှိ ဒေသခံပြည်သူများ ဌက်ပျောပင်များ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိ   
Jul 24,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများသည် နှစ်ရှည်သီးနှံပင်များကိုသာ အဓိကထားစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိစေရန် ငှက်ပျောပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။