သတင်းများ

လှိုင်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား UID ကတ်များကွင်းဆင်းဆောင်ရွက်
Jul 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှနိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာများထုတ်ယူရာတွင်အဆင်ပြေစေရန်  (UID) Unique Identity ကတ်များဆောင်ရွက်ပေးခြင်းကို ဇူလိုင်လ ၂၂ ရက်နေ့နံနက်(၉)နာရီအချိန်က မြန်မာ့စီးပွား‌ရေးဘဏ်(ခွဲ)၌ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူမည့်ပုံစံရှင်းလင်းခြင်းသင်တန်းဖွင့်ပွဲ တက်ရောက်
Jul 24,2025
သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူမည့်ပုံစံရှင်းလင်းခြင်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jul 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် ဇူလိုင်လ (၂၂)ရက်နေ့၊ နံနက်ပိုင်းက မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မိုးနဲမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 24,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနနှင့် ကျေးရွာနေပြည်သူများပူးပေါင်း၍ ၂၀၂၅ ခုနှစ် မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီက နားလင့်ကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား UID နံပါတ်များ ဆက်လက်ဆောင်ရွက်ပေး
Jul 24,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (UID) Unique Identity နံပါတ်များ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သာစည်မြို့နယ်အတွင်း ရန်ကုန်-မန္တလေး မီးရထားလမ်းဘေးတစ်လျှောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
Jul 24,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်း ရန်ကုန်-မန္တလေး မီးရထားလမ်းဘေးတစ်လျှောက် စဉ်ဆက်မပြတ်သန့်ရှင်း‌သပ်ရပ်နေစေရန်အတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်‌နေမှုအခြေအနေများကို ယမန်နေ့နံနက် ၈ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပခုက္ကူတက္ကသိုလ်၌ ရှေးဦးပြုစုခြင်းအခြေခံအဆင့် (၁/၂၀၂၅)သင်တန်းဆင်းပွဲ ကျင်းပ
Jul 24,2025
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်းအခြေခံအဆင့် (၁/၂၀၂၅)သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ကျွန်းရွှေဝါခန်းမ၌ ကျင်းပခဲ့သည်။
ကံမမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းဆောင်ရွက်
Jul 24,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူလူထုများ၏ ကိုယ်ရေးအချက်အလက်မှတ်တမ်းများကို e-ID စနစ်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းကစတင်ပြီး ပင်စင်လစာငွေထုတ်ပေးသည့် နေ့တိုင်း  မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးကြောင်း သိရသည်။