သတင်းများ

ဇလွန်မြို့နယ်၌ ပဆင-ကတော့ကရက်-ကျွန်းတော-စွန်ပိ- ကျည်းသုံးပင်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်မည့်နေရာအား ကြည့်ရှုစစ်ဆေး
Jul 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ပဆင-ကတော့ကရက်-ကျွန်းတော - စွန်ပိ-ကျည်းသုံးပင်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းဆောင်ရွက်မည့်နေရာအား ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ဇော်မင်း၊ ဟင်္သာတခရိုင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဇော်နိုင်ဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်းအဖွဲ့ဝင်များက မိုးရာသီတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်‌ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၂၂ ရက်နံနက် ၉ နာရီအချိန်က အမှတ်(၁)ရပ်ကွက်နှင့် အမှတ် (၃)ရပ်ကွက်တွင် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြဝတီမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား UID (Unique Ldentity) ကတ် ကွင်းဆင်းဆောင်ရွက်ပေး
Jul 24,2025
မြဝတီမြို့တွင် ပင်စင်ထုတ်ယူနေကြသည့် အငြိမ်းစားဝန်ထမ်းများအား UID(Unique Ldentity) ကတ် ဆောင်ရွက်ပေးခြင်းကို ဇူလိုင်လ ၂၄ ရက် နံနက် ၉ နာရီက မြန်မာ့စီးပွားရေးဘဏ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြဝတီမြို့နယ် ဦးစီးမှူးရုံးတို့၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အငြိမ်းစားပင်စင်စားများအား Biometric ကောက်ယူကာ Unique ID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းကို မြန်မာ့စီးပွားရေးဘဏ် (ပုသိမ်ကြီး) ၌ သွားရောက်ပြုလုပ်ပေး
Jul 24,2025
မန္တလေးမြို့ပေါ်ရှိ မြို့နယ်အသီးသီးမှ အငြိမ်းစားပင်စင်စားများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီခွဲက ပုသိမ်ကြီးမြို့နယ်အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ် (ပုသိမ်ကြီး) ၌  ပြုလုပ်ပေးခဲ့သည်။ 
သုံးခွမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်
Jul 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် မိုးဦးရာသီ၌အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ဇူလိုင်လ ၂၁ ရက်နေ့နံနက် ၈ နာရီအချိန်က အမှတ် ၃ရပ်ကွက်တွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် (၁၀) တန်းသွား မျိုးစေ့ချစက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ
Jul 24,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ဒေသခံတောင်သူများ လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာ အသုံးပြုလာစေရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့  အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး၊ လုပ်သားအင်အားရှားပါးမှု ပြဿနာဖြေရှင်းပေးနိုင်ရေး၊ အချိန်တိုအတွင်း စိုက်ဧကများစွာ စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရန် ရည်ရွယ်၍ စက်မှုလယ်ယာဦးစီးဌာနမှ (၁၀) တန်းသွား မျိုးစေ့ချစက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းအချိန်က မြစ်သားမြို့နယ် သပြေတောင်းကျေးရွာအုပ်စု၊ ခတက္ကုန်း‌ကျေးရွာ ကွင်းအမှတ် (၅၃၃)၊ ဦးပိုင်အမှတ် (င) (၃၄)ရှိ  ဒေသခံတောင်သူ   ဦးဌေးကြိုင်၏ လယ်မြေ (၆) ဧကတွင် ဧရာပဒေသာစပါးမျိုး စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း သုံးခွမြို့၌ ဆက်လက်ဖွင့်လှစ်
Jul 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ဇူလိုင်လ ၂၂ ရက်နေ့နံနက် ၉နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်အတွင်း ကျောက်ချောလမ်းများ ခင်းကျင်းဆောင်ရွက်ပေးနေမှုများအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု
Jul 24,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်မှုများ အဆင်ပြေစေရန်အတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျောက်ချောလမ်းများ ခင်းကျင်းပေးလျက်ရှိရာ ဆောင်ရွက်လျက်ရှိသောလမ်းများအား ယမန်နေ့က မန္တလေးတိုင်းဒေသကြီးညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။