သတင်းများ

ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်
Jul 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မိုးရာသီကာလတွင် ကလေးငယ်များ၌အများဆုံးဖြစ်ပွားတတ်သည့် သွေး လွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် ရပ်ကွက်တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ ဇူလိုင်လ ၂၂ ရက်နေ့နံနက်ပိုင်းမှစ၍ သခင်ဘသောင်းရပ်ကွက်အတွင်းရှိ၊ လူနေအိမ်များအတွင်း လိုက်လံဆောင်ရွက်ပေးလျက်ရှိသည်။
ဒေးဒရဲမြို့၌ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်း
Jul 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မိုးရာသီကာလ မြို့တွင်းလမ်းမများ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများ၊ ရေဆိုးရေညစ်မြောင်းများကို ယနေ့ နံနက်ပိုင်းက စက်ယန္တရားများ၊ လူအင်အားဖြင့် ဖော်ထုတ်ရှင်းလင်းပေးလျက်ရှိကြောင်း သိရသည်။
တနိုင်းမြို့နယ်၌ရပ်ကွက် ကျေးရွာပေါင်းစုံ မိုးရာသီ (အလွတ်တန်း) အမျိုးသားဘောလုံးပြိုင်ပွဲ Sime – Final ပွဲစဥ် (၂)
Jul 24,2025
ကချင်ပြည်နယ် တနိုင်းမြို့နယ်၌ရပ်ကွက် ကျေးရွာပေါင်းစုံ မိုးရာသီ (အလွတ်တန်း) အမျိုးသားဘောလုံးပြိုင်ပွဲ Sime- Final ပွဲစဥ် (၂) ကို  ဇူလိုင်လ ၂၃ ရက်နေ့တွင် ကင်ဆားရာကောင်းရပ်ကွက်အသင်းနှင့် ဆင် (မ်) ဆာ့ကောင်းရပ်ကွက်အသင်းတို့အား ပြည်သူ့အားကစားကွင်းတွင်ယှဥ်ပြိုင်ကစားကြရာ မိနစ် ၉၀ အချိန်ထိ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး အချိန်ပို မိနစ်၃၀ ဆက်လျက်၍ ယှဥ်ပြိုင်ကစားခဲ့ကြရာ ကင်ဆားရာကောင်းရပ်ကွက်အသင်းမှ ၃ ဂိုး ဂိုးမရှိ​သောရလဒ်ဖြင့်ဆင် (မ်) ဆာ့ကောင်းရပ်ကွက်အသင်းကို အနိုင်ရရှိသွား​ပြီး ကင်ဆားရာကောင်းရပ်ကွက်အသင်းအား ဗိုလ်လုပွဲတက်ရောက်သွားကြောင်း သတင်းသိရသည်။
နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ (၂၂/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 24,2025
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဒေသအဆင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂၂/၂၀၂၅) ကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ကျင်းပသည်။
ကိုကိုးကျွန်းမြို့နယ်တွင် ရေစီးရေလာကောင်းမွန်ရေးပုံမှန်ဆောင်ရွက်
Jul 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများမှ မြို့နယ်သန့်ရှင်းသာယာလှပစေရန်နှင့် မိုးရာသီကာလတွင် ရေစီးရေလာ ကောင်းမွန်စေရန် ဇူလိုင်လ ၂၂ ရက်နေ့နံနက် (၇း၃၀) အချိန်တွင် ကိုကိုးကျွန်းမြို့နယ် စည်ပင် သာယာအမှုဆောင်အရာရှိ ဦးပြည့်ဖြိုးမောင်နှင့် စည်ပင်ဝန်ထမ်းများ၊နယ်မြေခံတပ်မှ တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ အမှတ်(၁)ရပ်ကွက်အတွင်းရှိ မြို့ဝင်လမ်းဘေးနှင့် မြို့တွင်းမိန်းလမ်းဘေးရှိ ရေနုတ်မြောင်းအားချုံနွယ်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး၊ ရေနုတ်မြောင်းအတွင်းရှိအမှိုက်များဆယ်ယူခြင်းများပြုလုပ်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ်၌ ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားများအား Biometric အချက်အလက်ကောက်ယူခြင်းနှင့် smart card များ ပြုလုပ်ပေး
Jul 24,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ကိုယ်ရေးအချက်အလက် (Biographic)၊ ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူခြင်းနှင့် Smart Card များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးကြကြောင်း သိရသည်။
အဖျောက်ကျေးရွာ အ.မ.က(မူလွန်)ကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
Jul 24,2025
ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ဇူလိုင် ၂၁ ရက်နေ့ ညနေ ၄ နာရီ ရန်ကုန် တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အဖျောက်ကျေးရွာ အခြေခံမူလတန်းကျောင်း၌ဆောင်ရွက်နေကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံဧက နှစ်သိန်းကျော် စိုက်ပျိုးပြီးစီး
Jul 24,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံများဖြစ်သည့် ပဲတီစိမ်း၊ ပဲစင်းငုံ၊ စွန်တာပြာ ၊ထောပတ်ပဲနှင့်အခြားပဲ ၂၀၉၃၅၇ ဧက လျာထားပြီး ဧပြီ၊ မေက စတင်စိုက်ပျိုးခဲ့ရာ ယခုအခါ ပဲမျိုးစုံသီးနှံ ၂၀၇၃၀၃ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ကန့်ဘလူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။