သတင်းများ

ကျိုက်ထိုမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၉)လုံး ထိခိုက်ပျက်စီးမှုဖြစ်ပွား
Jul 24,2025
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မလော့ချောင်ကျေးရွာတွင် ယနေ့နံနက် ၉ နာရီအချိန်ခန့်က ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး သစ်ပင်များလဲပြိုမှုကြောင့် လူနေအိမ်(၉)လုံး အမိုးများလန်ခြင်း၊ ပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ရင်ပြင်တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွား
Jul 24,2025
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ယနေ့မွန်းလွဲ ၂ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေးပြင်းတိုက်ခတ်မှုကြောင့် ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ရင်ပြင်တော်အနီး နတ်တောင်ပေါ် ဂြိုလ်တိုင်ပေါ်ရှိ စေတီငယ်တစ်ဆူသည် ဂြိုလ်တိုင်အမြင့်(၂၀)ပေခန့်ရှိ တိုင်ပေါ်မှ ပြိုကျမြေခခဲ့ကြောင်းနှင့် အလားတူ ရင်ပြင်တော်ပေါ် သီဟဆောင်ရှိ မျက်နှာချပ်သည် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခြင်း၊ ဧည့်ခန်း(၁) မျက်နှာချပ်များ ကွာကြခြင်းများဖြစ်ပွားခဲ့ပြီး ဘုရားခန်းနှင့် ဧည့်ခန်း(၁)တွင် မိုးရေများယိုစိမ့်ခဲ့ကြောင်း သိရှိရသည်။
မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ (ဃ)ရပ်ကွက်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်
Jul 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ခြင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ကာ ပူးပေါင်းအဖွဲ့က ဇူလိုင် ၂၂ ရက်နံနက် ၁၀ နာရီအချိန်က (ဃ)ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြသည်။
ထားဝယ်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်း ဆိုင်ရာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jul 24,2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ (မြို့နယ်အဆင့်) မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
မရမ်းကုန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 24,2025
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လမ်းညွှန်ဦးဆောင်မှုဖြင့် မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၉ နာရီက သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးအရှိန်အမြှင့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သာကေတမြို့နယ် ကျောင်းပြင်ပသင်တစ်သက်သာပညာရေးစခန်းများသို့ ခရိုင်စီမံဥက္ကဋ္ဌကွင်းဆင်း၍ ရင်းရင်းနှီးနှီးတွေ့ဆုံ
Jul 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အတွင်းဖွင့်လှစ်ထားရှိသော ကျောင်းပြင်ပသင်တစ်သက်တာပညာရေး(NFPE)နှင့်(NFME)စခန်းများသို့ ဇူလိုင် ၂၁ ရက်မွန်းလွဲပိုင်းက ဗိုလ်တထောင်ခရိုင်နှင့်သာကေတမြို့နယ်မှ တာဝန်ရှိသူများကွင်းဆင်း၍ မြို့နယ်ကြီးကြပ်ရေးဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများကို ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြသည်။
မြောက်ဥက္ကလာပမြို့နယ် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးနှင့် လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးနှင့် လုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင် ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို  ဇူလိုင်လ ၂၂ ရက်နေ့နံနက် ၉ နာရီအချိန် ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။
သာကေတမြို့နယ်တွင် အဘိတ်ဆေး(Abate)ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်
Jul 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် အဘိတ်ဆေး(Abate)ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး Dr စုစုလွင်နှင့် ဝန်ထမ်းများနှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ဦးဆောင်၍ ဆောင်ရွက်ခဲ့ကြသည်။