သတင်းများ

ပျော်ဘွယ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြော
Jul 25,2025
ပျော်ဘွယ်မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
လွိုင်ကော်မြို့၌ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်နိုင်ရေး လက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်
Jul 25,2025
ကယားပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတို့ပူးပေါင်း၍ “စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်နိုင်​ရေး လက်တွေ့သရုပ်ပြခြင်း” အခမ်းအနားကို ဇူလိုင် ၂၃ ရက်နေ့နံနက်က လွိုင်​ကော်မြို့မရဲစခန်း အစည်းအ​ဝေးခန်းမ၌ ကျင်းပသည်။
နတ်မောက်မြို့ လူထုအခြေပြဗဟိုဌာန( Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ
Jul 25,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့်ကျောင်းသား/သူများဖြင့်  ကဗျာရွတ်ဆိုပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အတန်းပေါင်းစုံ ဖူဆယ်ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jul 25,2025
စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတန်းပေါင်းစုံဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအာကစားခန်မတွင်ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာ အေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊  ပါမောက္ခဌာနမှူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်သူများ တက်ရောက်ကြသည်။ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရာတွင် စတုတ္ထနှစ်(ဒုတိယနှစ်ဝက်)အသင်မှ ပဉ္စမနှစ်(ဒုတိယ နှစ်ဝက်) အသင်းအား ၉ ဂိုး ၈ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
လဲချားမြို့တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်း ဆက်လက်ပို့ချ
Jul 25,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာ့အီလက်ထရောနစ်ပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်း ဆင့်ပွားသင်တန်းကို သီရိဟံသာခန်းမတွင် ဖွင့်လှစ်လျက်ရှိပါသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ဝီဖာမုန်တိုင်းတိုက်ခတ်မှုနှင့်ပတ်သက်၍ လိုအပ်လာပါက ကူညီကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များနှင့် စုဖွဲ့ပြင်ဆင်ထားရှိ
Jul 25,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဝီဖာမုန်တိုင်းတိုက်ခတ်မှုနှင့်ပတ်သက်၍ လိုအပ်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ  ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများပါဝင်သည့် အရေးပေါ်ကူညီကယ်ဆယ်ရေးစုဖွဲ့မှုကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်း လက်တွေ့သရုပ်ပြခြင်းအခမ်းအနား ကျင်းပ
Jul 25,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် လက်တွေ့သရုပ်ပြသခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရတနာခန်းမ၌ ကျင်းပခဲ့သည်။
ကာလိမြို့တွင် မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်ဆင်းကတ်(SIM Card)များ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
Jul 25,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်ဆင်းကတ်(SIM Card)များ ရောင်းချမှုမရှိစေရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက မြို့အတွင်းရောင်းချလျက်ရှိသော မိုဘိုင်းဖုန်းဆိုင်များတွင် ယမန်နေ့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။