သတင်းများ

ထန်တလန်၌ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေသစ်ကို လိုက်နာမှုမရှိဘဲ မော်တော်ယာဉ် မောင်းနှင် သွားလာသူများအား ဥပဒေနှင့်အညီ စတင်အရေးယူ
Aug 10,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့အတွင်း စီးနင်းလျက်ရှိသော မော်တော်ယာဉ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုရှိစေရေးနှင့် ယာဉ်မတော်တဆဖြစ်ပွားမှုများ လျော့နည်းစေရေး ရည်ရွယ်လျက် အသစ် ထုတ်ပြန်ထားသည့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေသစ်များ နှင့်အညီ လိုက်နာဆောင်ရွက်ခြင်း မရှိသူများအား စတင်အရေး ယူဆောင်ရွက်ခြင်း များကို ယနေ့နံနက် ၈ နာရီအချိန်က ထန်တလန်မြို့ ဗိုလ်ချုပ်လမ်းဆုံတွင် အမှတ်(၁၀၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုရုံး (ထန်တလန်မြို့) မှ ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် စတင်အရေးယူ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
ဗန်းမော်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်
Aug 10,2020
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား နိုင်ငံတော်မှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ဗန်းမော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
ညောင်တုန်းမြို့၌ ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်း ထုတ်ပြန်
Aug 10,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဩဂုတ်လ ၉ ရက်‌နေ့ မှစတင်၍ Online မှတဆင့် ထုတ်ပြန်ကြေညာ ပေးပြီးနောက် စာစစ်ဌာနအလိုက် အောင်စာရင်း များကို ဩဂုတ်လ ၁၀ ရက်နေ့ ယနေ့တွင် ထုတ်ပြန်ခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ (၈၀၁၃) ဦးရှိ၍ အောင်မြင်သူ (၃၀၆၂) ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း (၃၈ ဒသမ ၂၁) ရာခိုင်နှုန်းရှိ
Aug 10,2020
၂၀၂၀-ပြည့်နှစ် မတ်လတွင်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ဩဂုတ် (၁၀) ရက်နေ့တွင် သက်ဆိုင်ရာစာစစ်ဌာနများအလိုက် အောင်စာရင်းများကပ်ထားသော်လည်း လာရောက်ကြည့်ရှုသူမရှိသလောက် နည်းပါးကြောင်း သိရသည်။
ဝက်လက်မြို့နယ် စဉ့်ပါကျေးရွာ၌ ကောက်စိုက်စက်ဖြင့် စိုက်ပျိုး
Aug 10,2020
စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ် စဉ့်ပါကျေးရွာတွင် အမှတ် (၆) လယ်ယာ မြေဝန်ဆောင်မှုစခန်းနှင့် ဝက်လက်မြို့ ဝင်းလက်မြေ လယ်ယာဝန်ဆောင်မှု အသင်းတို့ ပူးပေါင်း ၍ တောင်သူ ဦးမိုး၏ လယ်ဧကများကို အစိုပျိုးထောင်စနစ်ဖြင့် ပျိုးထောင်ကာ ယနေ့ နံနက်ပိုင်း မှစ၍ ကောက်စိုက်စက်ဖြင့် စတင် စိုက်ပျိုးကြောင်း သိရသည်။
ပဲခူးတွင် ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (GAqp) သင်တန်းဖွင့်ပွဲ ကျင်းပ
Aug 10,2020
ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန သင်တန်းကျောင်းတွင် ဩဂုတ် ၁၀ ရက် နံနက် ၉နာရီက  ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေး ကျင့်စဉ် (GAqp) သင်တန်းဖွင့်ပွဲ ကျင်းပခဲ့ပါသည်။
ညောင်ဦးမြို့၌ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ နယ်မြေကွင်းဆင်းစစ်ဆေး
Aug 10,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်း ကပ်ထားသည့် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံများသို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များမှ ယမန်နေ့ နေလယ်ပိုင်းက နယ်မြေကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် ကလေးများအား မျက်စိအားဆေးနှင့် သံချအားတိုးဆေး တိုက်ကျွေးခြင်း ကွင်းဆင်းဆောင်ရွက်
Aug 10,2020
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးရုံးမှ ကျန်းမာရေး ဝန်ထမ်းများသည် ကိုဗစ်ကာလအတွင်း ယာယီရပ်နားထားခဲ့သော