သတင်းများ

လယ်ဝေးမြို့နယ် မင်းပြင်ကျေးရွာ၌ ( IPRCC စီမံကိန်း ) မွေးမြူရေးဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်လှစ်
Aug 10,2020
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့်(IPRCC စီမံကိန်း) မွေးမြူရေး ဆိုင်ရာ အသိ ပညာပေး သင်တန်းကို နံနက်(၁၀)နာရီက မင်းပြင်ကျေးရွာ၌ ဖွင့်လှစ်ခဲ့သည်။
လှိုင်မြို့နယ် ဗဟိုလမ်းရှိ ဘူတာရုံလမ်းမှတ်တိုင်အား မြတ်လေးရုံလမ်းထိပ် အနီးသို့ပြည်သူများ လိုအပ်ချက်အရပြောင်းရွှေ့
Aug 10,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စား လှယ် ဦးကျော်ကျော်ထွန်း ဦး​ဆောင်၍ ရပ်ကွက်​နေပြည်သူ လူထု၏ တင်ပြချက်များ အရ ပြည်သူများအတွက် အမှန်တကယ်လိုအပ်ပြီး သွားလာရေးအဆင်ပြေစေရန်အတွက် ယမန်နေ့ နံနက်(၉)နာရီအချိန် က လှိုင်မြို့နယ် ဗဟိုလမ်းရှိ ဘူတာရုံလမ်းမှတ်တိုင်အား​ နေရာ​ပြောင်း​ရွှေ့​ဆောင်ရွက်ခဲ့သည်။
ပင်းတယမြို့တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် ပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေ
Aug 10,2020
ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ ၂၀၂၀ ပြည့်နှစ် ၊ မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ခြင်းနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့တွင်းလမ်းဆုံ နေရာများနှင့် မင်းလမ်းမတစ်လျှောက်တွင် ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
နမ့်ဆန်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၅)ဘာသာဂုဏ်ထူးရှင် တစ်ဦး အပါ အဝင် အောင်မြင်သူ ပေါင်း(၁၅၀)ခန့်ရှိ
Aug 10,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသည့် ကျောင်းသား/သူများမှ ဖြေဆိုအောင်မြင် (၁၅၀)ဦးနှင့် (၅)ဘာသာ ဂုဏ်ထူး ရှင်တစ်ဦးအပါအဝင် ဂုဏ်ထူးရရှိသူပေါင်း (၁၉)ဦးခန့်ရှိကြောင်း သိရ သည်။
သီပေါမြို့၌ (၅)နှစ်အောက်ကလေးငယ်များအား ဗီတာမင်အေ၊ ဗီတာမင်စီနှင့် သန်ချဆေးတိုက်ကျွေးပေး
Aug 10,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သီပေါမြို့နယ်အတွင်းရှိ အသက်ငါးနှစ်အောက်ကလေးများအား ဗီတာမင်စီနှင့် သန်ချဆေး တိုက်ကျွေးခြင်းကို ယနေ့နံနက် ၈နာရီမှစ၍ စတင်တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်၌ ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၂၈.၃၂)ရာခိုင်နှုန်း အောင်မြင်
Aug 10,2020
၂၀၂၀ပြည့်နှစ်၊ မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယမန်နေ့ နံနက်ပိုင်းက နိုင်ငံတစ်ဝန်း အွန်လိုင်းစနစ်ဖြင့် ထုတ်ပြန်ကြေညာခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်မှု ၂၈ ဒသမ ၂၃ ရာခိုင်နှုန်းရှိခဲ့ကြောင်း သီပေါမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ဆီဆိုင်မြို့နယ်တွင် နာနတ်သီးအထွက်နှုန်းကျသော်လည်း စျေးနှုန်းအသင့်အတင့်ရှိနေ၍ နာနတ်စိုက်တောင်သူများအဆင်ပြေ
Aug 10,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဘန်းဗွီးကျေးရွာ အုပ်စု၊ ကျောင်းချယ်ကျေးရွာတွင် စိုက်ပျိုးထားသော နာနတ်သီးသည် အထွက်နှုန်းကျသော်လည်း စျေးနှုန်းအသင့်အတင့်ရှိနေ၍ နာနတ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ဒေသခံနာနတ်သီး စိုက်တောင်သူများထံမှ သိရသည်။
ပျဉ်းမနားမြို့အရှေ့ခြမ်းရှိ တောင်ပေါ်ဒေသကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများကြေညာထားမှုနှင့် မဲရုံများလျာထားဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး
Aug 10,2020
ဒက္ခိဏခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် ပျဉ်းမနားမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအရာရှိနှင့်အဖွဲ့ဝင်များသည် ယမန်နေ့မွန်းလွဲ(၄)နာရီတွင် ပျဉ်းမနားမြို့အရှေ့ခြမ်းရှိ တောင်ပေါ်ဒေသဖြစ်သော သစ်တွန်းအုပ်စု၊ ဆန်းသစ်လွင်ကျေးရွာနှင့် မဲပေါက်အုပ်စု၊ ဂမုန်းတောင်ကျေးရွာများသို့ ကွင်းဆင်းပြီး မဲဆန္ဒရှင်စာရင်းများကြေငြာထားရှိမှုအခြေအနေများနှင့် မဲရုံနေရာ လျာထားသတ်မှတ်ထားရှိမှုအခြေအနေများ၊ မဲဆန္ဒရှင်စာရင်းနှင့်စပ်လျဉ်း၍၊ တောင်းဆိုလွှာ၊ ပြင်ဆင်လွှာ၊ ကန့်ကွက်လွှာများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို ဖြည့်စွက် ဆောင်ရွက်ပေးခဲ့ကြသည်။