သတင်းများ

ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်တိုက် ထိုးနှံပေးလျက်ရှိ
Dec 01,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ရက်အလိုက်ဆက်တိုက် ထိုးနှံ ပေးလျက်ရှိရာ အသက် ၁၈ နှစ်အထက်ရှိသူများ၊ သတ်မှတ်ဦးစားပေး အုပ်စုများတွင် ပါဝင်သူများကို ယနေ့ နံနက် ၉ နာရီမှစ၍ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ ပဏ္ဍိတာရာမ စလင်း ကျောင်းတိုက် ဓမ္မာရုံတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့် အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဒုတိယအကြိမ် ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။
မိုင်းယုမြို့၌ မြို့တွင်း ကန့်သတ်စစ်ဆေးမှုနှင့် နေ့တစ်ပိုင်း ဈေးရောင်း/ဝယ်နှင့်သွားလာမှုကို ပယ်ဖျက် လိုက်ပြီး လှည့်လည်စစ်ဆေးမှုများကို ရှောင်တခင်ပြုလုပ်သွားမည်
Dec 01,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် နယ်စပ်ဒေသ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းလာမှုအပေါ် မြို့ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီအဖွဲ့များက မြို့တွင်း ကန့်သတ်စစ်ဆေးမှုနှင့် နေ့တစ်ပိုင်း ဈေးရောင်း/ဝယ်နှင့်သွားလာမှုကို ပယ်ဖျက်လိုက်သော်လည်း လှည့်လည်စစ်ဆေးမှုများကို ရှောင်တခင်ပြုလုပ်သွားမည်ဖြစ်သည်။
ဘုရားသုံးဆူမြို့၊ ပြောင်မထိမ်ကျေးရွာအုပ်စု၊ ဂျပန်ရေတွင်းကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဒုတိယအကြိမ်ဆက်လက်ထိုးနှံ
Dec 01,2021
ကရင်ပြည်နယ်၊ကော့ကရိတ်ခရိုင်၊ဘုရားသုံးဆူမြို့တွင် မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို အကြိမ်ရေအလိုက်စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး အဆိုပါ ဆောင်ရွက်မှုအား ဘုရားသုံးဆူမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ဘုရား သုံးဆူမြို့ကြက်ခြေနီတပ်ဖွဲ့ဝင်များဖြင့်ပူပေါင်း၍ ပြောင်မထိမ်ကျေးရွာအုပ်စု၊ ဂျပန်ရေတွင်း ကျေးရွာ တွင် ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်ပြီး  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်၊ ကွန်းရွာကျေးရွာ၌ ဘက်စုံသုံးမုန်တိုင်းဘေးဒဏ်ခံ အဆောက်အဦ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးမှု အခြေအနေ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 01,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကွန်းရွာကျေးရွာတွင် ဘက်စုံသုံးမုန်တိုင်းဘေးဒဏ်ခံ အဆောက်အဦ (Multi-Purpose Shelter) ရာနှုန်းပြည့် တည်ဆောက်ပြီးစီးမှု အခြေအနေ များအား ယနေ့နံနက် ၉ နာရီအချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး Sinovac ဒုတိယအကြိမ်ဆက်လက် ထိုးနှံပေးလျက်ရှိ
Dec 01,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ “ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ မြို့နယ် အတွင်းရှိ အသက် ၁၂ နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ များအား ယနေ့ နံနနက် ၉ နာရီမှစ၍ ခနောင်တို အရှေ့ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (အထက-ခနောင်တို)ခန်းမတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက် ရှိသည်။
လပွတ္တာမြို့နယ်၌ ရပ်ကွက်နှင့်ကျေးရွာ အရန်မီးသတ်ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲကျင်းပ
Dec 01,2021
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ အရန်မီးသတ်ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲကို လပွတ္တာမြို့နယ် မီးသတ်စခန်း၌ ယနေ့နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။
မွေးကင်းစမှ တစ်နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်း ဆောင်ရွက်
Dec 01,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ် အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင် များအား ကျန်းမာရေး စောင့်ရှောက်မှု အနေဖြင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရ ဆေးပေးခန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
မိုင်းယန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါအတည်ပြုလူနာများ ပြန်လည်ကျန်းမာလာ၍ နေအိမ်သို့ ပြန်လည်စေလွတ်သူ(၁၅၃)ဦးထိရှိလာပြီဖြစ်
Dec 01,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသော ကိုဗစ်-၁၉ အတည်ပြု လူနာ ၄ ဦးသည် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ယမန်နေ့နံနက်ပိုင်းတွင် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ကြောင်း မြို့နယ် ကုသရေးဦးစီးဌာနမှ သိရသည်။