တာမွေမြို့နယ်တွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေးလှုပ်ရှားမှု အရှိန်အဟုန်မြှင့် ဆောင်ရွက်
Dec 01,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကို ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ပြည်သူများအနေဖြင့် နေအိမ်မှ ပြင်ပသို့ ထွက်ခွာသွားလာသည့် အခါတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်သည့် အမူအကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီ စျေးများနှင့် ကုန်စည်ပွဲရုံများဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းအချိန်က တာမွေ မြို့နယ်ရှိ ကျောက်မြောင်းစျေးတွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေးလှုပ်ရှားမှုကို အရှိန် အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။