မောက်မယ်မြို့နယ်တွင် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် စျေးဆိုင်ခန်း စစ်ဆေးခြင်းလုပ်ငန်းများ အထူးကြပ်မတ်ဆောင်ရွက်
Dec 02,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ကိုဗစ် − ၁၉ ရောဂါပျံ့နှံ့မှုအား ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ဒေသခံပြည်သူများ၏ စျေးဆိုင်ခန်းများအား စစ်ဆေးခြင်း လုပ်ငန်းများ အထူးကြပ်မတ် ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ်စည်ပင်သာယာ မြို့မစျေး၌ စတင်ကွင်းဆင်း စစ်ဆေးခဲ့သည်။