သတင်းများ

ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Dec 02,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် ပြည်သူများအား မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် သတ်မှတ်နေရာများတွင် အောက်တိုဘာ ၁၈ရက်နေ့မှစ၍ နေ့စဉ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
ဘောလခဲမြို့တွင် မူလတန်းကြိုကျောင်း၌ မူကြိုကျောင်းသား/ သူများအား စတင်လက်ခံဖွင့်လှစ်နေပြီဖြစ်
Dec 02,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်လူမှုဝန်ထမ်းရုံးမှ အနီးကပ်ကြီးကြပ်မှုဖြင့် မူကြို အရွယ် ကလေးငယ်များ ကိုယ်ကာယကျန်းမာဖွံ့ဖြိုးရေး၊ ကိုယ်ကျင့်တရား​ကောင်းမွန်ရေး၊ တီထွင်နိုင်မှု ရရှိစေရေး စသည့် ရည်ရွယ်ချက်များဖြင့် ယမန်နေ့ နံနက်(၉)နာရီအချိန်က အဆိုပါ လူမှုဝန်ထမ်းရုံးတွင်း မူလတန်းကြိုကျောင်း၌ စတင်ဖွင်လှစ်ပေးနေပြီဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်
Dec 02,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပွင့်သာမြေ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ(Book Club)အဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် လူကုန်ကူးမှု အန္တရာယ်တားဆီး ကာကွယ်ရေး အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ကျင်းပသည်။
ငါ့သရောက်မြို့နယ် ပင်ပြန့်မြေပဲဖော်ချိန် မြေပဲအထွက်နှုန်းကောင်း
Dec 02,2021
ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ် မြေပဲစိုက်တောင်သူများ ပင်ပြန့်မြေပဲဖော်ချိန် ဥဥနှုန်း ကောင်းသောကြောင့် မြေပဲစိုက်တောင်သူများ မြေပဲရကြကာ ပင်ပြန်မြေပဲစိုက်တောင်သူများအဆင်ပြေ နေကြကြောင်း ကုလားတဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းထိုက်ထံကသိရသည်။
နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စားဖိုဆောင် သီးနှံကြက်သွန်နီများ GAP နည်းစနစ်ဖြင့် စိုက်ပျိုး
Dec 02,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာတွင် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ စားဖိုဆောင်သီးနှံကြက်သွန်နီ GAP နည်းစနစ်ဖြင့် စိုက်ပျိုးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများ ပူးပေါင်း၍ နည်းပညာပေး လက်တွေ့ပြသစိုက်ပျိုးခဲ့သည်။
သာစည်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံထားသူ ၃၁၅ ဦး တို့အား ဒုတိယအကြိမ် ထိုးနှံပေး
Dec 02,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမ အကြိမ် ထိုးနှံထား သူ ၃၁၅ ဦး တို့အား  ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို နိုဝင်ဘာ ၃၀ ဂရက် နံနက် ၉ နာရီက နှန်းကန်ကျေးရွာ ဆေးထိုးစုရပ်၌ ဦးစားပေး အုပ်စုအလိုက် ကာကွယ်ဆေး ထိုးနှံရေးအဖွဲ့ များက ထိုးနှံပေးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ကန့်ဘလူမြို့နယ်၌ အသက် ၄၅ နှစ်အထက် ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ဒုတိယ အကြိမ်ထိုးနှံပေး
Dec 02,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဦးစားပေး အုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာ ၁ ရက်နံနက် ၈ နာရီကစတင်၍ အသက် ၄၅ နှစ်အ ထက်ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ကို ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ ဆေးရုံ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အ ညီ ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံပေးလျက်ရှိသည်။
သာစည်မြို့နယ် တောင်ပေါ်ကျေးရွာသို့ ကွင်းဆင်၍  ဒေသခံတိုင်းရင်းသာ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေး
Dec 02,2021
မန္တလေးတိုင်းဒေသကြီး၊  သာစည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန  မြိုနယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များကို နိုဝင်ဘာ ၂၉ရက် နှင့် ၃၀ ရက်များက  တောင်ပေါ်ကျေးရွာများဖြစ်သည့် ဆင်တောင်ကျေးရွာ အုပ်စု၊ သဲပွတ်ကျေးရွာအုပ်စုနှင့် မြင်းဒိုက်ကျေးရွာအုပ်စုများသို့ ကွင်းဆင်၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။