သတင်းများ

ကော့သောင်းမြို့ဈေးများမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမူ လိုက်လံစစ်ဆေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Dec 02,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်အတွင်းရှိဈေးများမီးဘေး အန္တရာယ်များဖြစ်ပွား လာပါက ကြိုတင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် အသိပညာပေး လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက  ကော့သောင်းခရိုင် မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရှိဈေးများ အတွင်းလိုက်လံစစ်ဆေးကာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ခုနှစ် (၆)လ ဘတ်ဂျက် ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးလက် ကုန်ထုတ်လမ်း/တံတား လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Dec 02,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ်၊ (၆)လဘတ်ဂျက် ပြည်ထောင်စု ငွေလုံးငွေရင်း(မူလ) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိ သည့် မြင်သာတောင် ကျေးရွာအုပ်စု၊ ခါးပတ်ကျေးရွာ  ကျင်းကြီး ကုန်ထုတ်လမ်း/တံတားလုပ်ငန်းများကို၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ ၂ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်းသိရသည်။
မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁၀)ဦး ကျန်းမာရေး ပြန်လည်ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိ
Dec 02,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၀) ဦးသည် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သောကြောင့်  ယနေ့ နံနက်ပိုင်းတွင် ဆေးရုံဆင်းခွင့် ရရှိကြောင်း သိရသည်။
ကရင်ပြည်နယ် အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် တနင်းသရော-မဲပရကြီး-မဲပရလေးကျေးရွာ ရွာချင်းဆက်‌ မြေသားလမ်းဖောက်လုပ်
Dec 02,2021
ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ တိုးတက်မြှင့်မားစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့၊ မဲပရကျေးရွာအုပ်စုအတွင်းရှိ ဒေသနေပြည်သူများ‌ နွေ၊မိုး၊ ဆောင်း ဥတုသုံးရာသီလုံး  သွားလာရေး အဆင်ပြေရေးအတွက် တနင်းသရော-မဲပရကြီး-မဲပရ လေးကျေးရွာ ရွာချင်းဆက်‌ မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းကို နို၀င်ဘာလ ၁၁ရက်နေ့ တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်ချက်များနှင့် ကာကွယ်ဆေးထိုးနှံရန်  အသိပေးနှိုးဆော်
Dec 02,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှုကို လျော့နည်းစေ ပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ပြည်သူသို့ အသိပေး ပြန်ကြားချက်များအား ယနေ့နံနက်ပိုင်းက   ကိုဗစ်-၁၉ကာကွယ် ဆေးထိုး ရန် စုရပ်ဖြစ်သည့် ပိုင်ကျုံတိုက်နယ် ဆေးရုံ၌ အသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။    
ပခုက္ကူမြို့နယ်၌ အသက် ၁၂နှစ်အထက် ကျောင်းသား၊ကျောင်းသူ ၃၁၉၁ဦးတို့အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပြီးစီး
Dec 02,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက် ၁၂နှစ်အထက် ကျောင်းသား၊ကျောင်းသူ ၃၁၉၁ ဦးတို့အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပြီးစီး ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Dec 02,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကို​ဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု နှင့် ရောဂါကြောင့် သေဆုံးမှုများ လျော့နည်းလာစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဦးစားပေးအစီအစဉ်အရ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို သတ်မှတ် ထားသော စုရပ်နေရာများတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ငဖဲမြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်ခန်းမတွင် ဝန်ထမ်းများစာဖတ်ဝိုင်းကျင်းပ
Dec 02,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးပြည်သူ့ စာကြည့် တိုက်ခန်းမတွင် ဝန်ထမ်းများအနေဖြင့် ဌာနလုပ်ငန်းများဆောင်ရွက်ရာတွင်လျင်မြန်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်၊ လုပ်ငန်းများကိုကျေပွန်စွာထမ်းဆောင်နိုင်ရန်နှင့် စာဖတ်သည့်အလေ့အထများဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဝန်ထမ်းများစာဖတ်ဝိုင်းဆွေး နွေးပွဲကို ယမန်နေ့မွန်းလွဲ ၂နာရီက ကျင်းပပြုလုပ်သည်။