သတင်းများ

နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား စတုတ္ထအသုတ် ပထမအကြိမ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Dec 02,2021
မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက်ပြည်သူများအားစတုတ္ထ အသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉နာရီမှ ညနေ ၄ နာရီအထိ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမနှင့်ကျေးရွာများ၌ ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ခေါင်းလျှော်ရည်နှင့် ဆံပင်ပေါင်းဆေး ပြုလုပ်နည်းသင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြား
Dec 02,2021
မိတ္ထီလာမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ခေါင်းလျှော်ရည်နှင့် ဆံပင်ပေါင်းဆေး ပြုလုပ်နည်းသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်း သူများနေ့ အထိမ်းအမှတ် (Talk Show) ဆွေးနွေးပွဲဆောင်ရွက်
Dec 02,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မသန်စွမ်းဆိုင်ရာသိကောင်းစရာများ သိရှိစေရန် ရည်ရွယ် ၍ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၃)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်း အမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Online မှ တစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် မြန်မာဘာသာ၊ စကောကရင်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်
Dec 02,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအန္တရာယ်မှ ကြိုတင်ကာကွယ် နိုင်ရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၉) နာရီအချိန်က မြို့‌ပေါ်ရပ်ကွက် များသို့ သွားရောက်၍‌ မြန်မာဘာသာ၊ စကောကရင်ဘာသာနှစ်မျိုးဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ အထူးစီမံချက်ဖြင့် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိ
Dec 02,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ် − ၁၉ ရောဂါ ပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီမှ ဦးဆောင်၍ အထူးစီမံချက်အရ ပူးပေါင်းအဖွဲ့မှ ယနေ့နံနက် ၇ နာရီကစတင်ပြီး မြို့အဝင်/ အထွက် စစ်ဆေးရေးဂိတ်တွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို အထူး ကြပ်မတ် ဆောင်ရွက်ခဲ့သည်။
မြိတ်မြို့၌ မျိုးကောင်းမျိုးသန့်စပါးများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မျိုးသန့်မျိုးစေ့ထုတ် မိုးစပါးစိုက်ခင်း စံကွက်ရိတ်သိမ်း
Dec 02,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၏ ဒေသဝမ်းစာ ဖူလုံရေးအတွက် အထွက်တိုး မိုးစပါးများ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရန်၊ ဒေသထွက် ဆန်စပါးလောက်ငှမှု ရှိမရှိသိရှိနိုင်ရန်နှင့်  မိုးစပါးအထွက်နှုန်း မှတ်တမ်းတင်နိုင်ရန် ရည်ရွယ်ချက်များဖြင့် စန္ဒဝတ်ကျေးရွာအုပ်စု ကျွဲကူးကျေးရွာရှိ တောင်သူ ဦးအေးလွင်၏ မျိုးသန့်မျိုးစေ့ ထုတ် ဆင်းသုခမိုးစပါးစိုက်ခင်းတွင် ယမန်နေ့က ရိတ်သိမ်းချွေလှေ့စက်ဖြင့် စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်း ဆောင်ရွက်
Dec 02,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင် ရှမ်းရွာသစ်မြို့ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိဒေသနေ ပြည်သူများကျန်းမာရေး အသိပညာဗဟုသုတ ရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ အသိပညာပေးခြင်း လုပ်ငန်းနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများကို ပုံမှန်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အသက်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ရှမ်းရွာသစ်မြို့တိုက်နယ်ဆေးရုံတွင် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။
ညောင်ရွှေမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု တားဆီးကာကွယ်ရေး အသိပေးနှိုးဆော်
Dec 02,2021
ရှမ်းပြည်နယ် ညောင်ရွှေမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များကို အများပြည်သူ သိရှိနိုင်စေရန်အတွက် လက်ကိုင်အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့သည်။