ကျိုက်လတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile library ဖြင့် စာအုပ်များ ငှားရမ်းပေးလျက်ရှိ
Dec 02,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်ဝန်ဆောင်မှုအနေဖြင့် ပြည်သူများစာပေ ဖတ်ရှုလေ့လာခွင့်ရရှိစေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချတက်စေရန်နှင့်အသိပညာဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ဌာနဆိုင်ရာရုံးများသို့ Mobile library ဖွင့်လှစ်၍စာအုပ်များ ငှားရမ်းပေးခြင်းကိုဆောင် ရွက်လျက်ရှိရာယနေ့ နံနက်(၁ဝ)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။