သတင်းများ

အိမ်မဲမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
Mar 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)ကထုတ်ဝေသည့် ၂၀၂၂ ခုနှစ် မတ်လ (၂၇)ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက် (၁၀)နာရီတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မိုးကုတ်မြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ
Mar 23,2022
၂၀၂၂ခုနှစ်၊ မတ်လ (၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့နံနက် ၁၁နာရီအချိန်က မိုးကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ အခြေခံပညာအထက်တန်းကျောင်းနှင့် လူစည်ကားသောစျေးများသို့ သွားရောက်၍ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်လံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆောင်ရွက်
Mar 23,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမ၌ စာရေးဆရာ လယ်တွင်းသား စောချစ် ရေးသားထား သော “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက ပြုလုပ် ဆောင်ရွက်ခဲ့ သည်။
ကလောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကျေးရွာအရောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
Mar 23,2022
ကိုဗစ်-၁၉ ရောဂါကူးစပ်မှု လျော့နည်းပပျောက်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် တွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ၊ ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးရသေးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး Covid Shield ကို ကလောမြို့နယ်အတွင်းရှိ စုရပ်အသီးသီးတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက လမိုင်း ကျေးရွာနေ ပြည်သူများအား ကျေးရွာအရောက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဖျာပုံမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
Mar 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများသည် ယနေ့နံနက်(၁၀)နာရီအချိန်က ဖျာပုံမြို့ ချောင်းတွင်းလမ်းမကြီးဘေးနှင့် လူစည်ကားရာနေရာများတွင် သတင်းစကား လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
ကမမောင်းမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 23,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မတ်လ(၂၇) ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာများ၊ ပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ၊ မြို့ပြည့်သူစာကြည့်တိုက်သို့ လာရောက်သည့်စာငှား၊စာဖတ်သူတို့ကို ဖြန့်ဝေပေးအပ်ခဲ့သည်။
ပန်းတနော်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစား အစိုးရဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေး
Mar 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား အစိုးရဝန်ထမ်း ပင်စင်စားများအား ပင်စင်လစာ ငွေများ ထုတ်ပေးခြင်းကို မတ်လ ၂၁ ရက်နေ့မှ စတင်၍ နံနက် ၈ နာရီ၌ ထုတ်ပေးလျက် ရှိကြောင်း သိရသည်။
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 23,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ကြီးကြပ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးခန်းမ၌ ညှိနှိုင်းအစည်းအဝေး ကျင်းပကြောင်း သိရသည်။