သတင်းများ

ကရသူရိမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင်(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေခြင်းကို ယနေ့ နံနက် ၁၀နာရီက အခြေခံ ပညာအထက်တန်းကျောင်းတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 23,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့၌ ယမန်နေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့်(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်​နေ့က  ကျောင်းသား ကျောင်းသူများနှင့် မိဘပြည်သူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ  ဖြန့်ဝေပေးခဲ့သည်။
ကလောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကျေးရွာအရောက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
Mar 23,2022
ကိုဗစ်-၁၉ ရောဂါ ကူးစပ်မှုလျော့နည်းပပျောက်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် တွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ၊ ကာကွယ်ဆေး တစ်ကြိမ်မျှမထိုးရသေးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး Covid Shield ကို ကလောမြို့နယ်အတွင်းရှိ စုရပ်အသီးသီးတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက လမိုင်း ကျေးရွာနေ ပြည်သူများအား ကျေးရွာအရောက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်
Mar 23,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံ အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိ ပင်လယ်ကမ်းခြေနှင့်နီးကပ်သည့် ရပ်ကွက်များနှင့် လူသွားလူလာများသည့် လမ်းဆုံ၊လမ်းခွနေရာများသို့ သွားရောက်ကာ လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြသည်။
ကျိုက်ထိုမြိုနယ်တွင် အဌမတန်း နှစ်ဆုံးစာမေးပွဲ နောက်ဆုံးရက်တွင် ကျောင်းသား၊ ကျောင်းသူ များဖြေဆိုပြီးစီး
Mar 23,2022
မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်အတွင်း အခြေခံပညာအလယ်တန်းအဆင့် အဌမတန်း နှစ်ဆုံး စာမေးပွဲများကို မတ်လ ၁၇ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် နောက်ဆုံးနေ့အဖြစ် သိပ္ပံဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာဖြေဆို ပြီးစီးလျက်ရှိ ကြောင်းသိရသည်။
ဒေးဒရဲမြို့နယ်တွင် မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးမှု အချိန်မီပြီးစီးရေး ညှိနှိုင်း ဆွေးနွေး
Mar 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယမန်နေ့နံနက် ၁၀နာရီက မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးမှု လုပ်ငန်းများ အချိန်မီပြီးစီးရေး ညှိနှိုင်းအစည်းဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဝမ်းပျက်၊ ဝမ်းလျှောရောဂါအကြောင်း အသိပညာပေး Talk Show ကျင်းပ
Mar 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် ကျန်းမာရေးဉီးစီးဌာနတို့ ပူးပေါင်း၍ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ အကြောင်း အသိပညာပေး Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများဆောင်ရွက်
Mar 23,2022
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာအချက်များ၊ ဆောင်ရန်၊ ရှောင်ရန် အချက်များကို ယနေ့နံနက်ပိုင်းက ရပ်ကွက်များနှင့်ကျေးရွာများသို့ သွားရောက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြသည်။