သတင်းများ

ကျောက်ကြီးမြို့နယ်၌ အခြေခံပညာအလယ်တန်းအဆင့် (Grade.9) အောင်မြင်စွာ ဖြေဆိုပြီးစီး
Mar 23,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၁၁ နာရီတွင် အခြေခံပညာအလယ်တန်းအဆင့် (Grade.9) စာမေးပွဲကိုအောင်မြင်စွာ ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့ ကလေးစာဖတ်ခန်းတွင်ကျောင်းသား/ကျောင်းသူများကို အားကစားပြိုင်ပွဲများ ပြုလုပ်ပေး
Mar 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေး ဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ကျောင်းသား/ကျောင်းသူ များအားကျောင်းပိတ်ရက်၌ စိတ်အပန်းဖြေမှုများ  ရရှိပျော်ရွှင်စေရန်၊ ကာယဉာဏ ဖွံ့ဖြိုး၍ ဉာဏ်ရည် ဉာဏ်သွေး မြင့်မားတိုးတက်စေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၁ နာရီအချိန်က  မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများကအား ကစားပြိုင်ပွဲများ ပြုလုပ် ကျင်းပပေးခဲ့သည်။
ဘားအံမြို့နယ်၌ လျှပ်စစ်ဓါတ်အားချွေတာသုံးစွဲရေး အသိပညာပေးနံရံကပ်စာစောင်ပြသ
Mar 23,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်ဓါတ်အား ချွေတာသုံးစွဲနိုင်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ ၂၀၂၂ ခုနစ် Grade-9 ပြည်နယ်မေးခွန်း အစိုးရစစ်စာမေးပွဲ အောင်မြင်စွာ ဖြေဆိုကျင်းပနိုင်ခဲ့
Mar 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၂ ခုနှစ် မတ်လ ၁၇ ရက်နေ့မှ စ၍ နှစ်ဆုံးစာမေးပွဲနှင့် ပြည်နယ်မေးခွန်းများကို ဖြေဆိုလျက်ရှိရာ ယနေ့တွင် နောက်ဆုံးဘာသာတွဲကို နံနက် ၉ နာရီမှ ၁၁ နာရီထိ မြို့မ အ.လ.က ကျောင်း အပါအဝင် မိုးနဲမြို့နယ်အတွင်းရှိ အထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းများအားလုံးတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျွန်းစုမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)က ထုတ်ဝေ သော (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်း က အ.ထ.က ကျွန်းစုကျောင်း၌ ကျောင်း သား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး မြေပြင်လူဦးရေ စာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်
Mar 23,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် အခြေခံမဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ရှေ့ပြေးလုပ်ငန်း(PILOT PROJECT) ဖြစ်သည့် မြေပြင် လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းကို ယမန်နေ့က စတင်ပြီး ဌာနဆိုင်ရာများမှ ကွန်ပျူတာကျွမ်းကျင် ဝန်ထမ်းများက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ တွင် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သာယာဝတီမြို့၌ အခြေခံပညာအလယ်တန်းအဆင့် နှစ်ဆုံးစာမေးပွဲ အေးချမ်းစွာ ဖြေဆိုပြီးစီး
Mar 23,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့် နှစ်ဆုံးစာမေးပွဲ နိုင်ငံတစ်ဝှမ်း မတ်လ၂၃ ရက်နေ့ တွင် ဖြေဆိုပြီးစီးပြီဖြစ်ရာ ယနေ့တွင် အေးချမ်းစွာ ဖြေဆိုခဲ့ကြပြီး စာသင်နှစ် တစ်နှစ် ပြီးဆုံး၍ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။
မြို့သစ်တွင် ခရမ်းချဉ်သီးများ ဈေးကျဆင်းလာ၍ တောင်သူများ အခက်ကြုံနေ
Mar 23,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားပြီး လုပ်ကိုင်ကြပြီး မြို့နယ်အတွင်းမှ တောင်သူများသည် စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကို အဓိကထားစိုက်ပျိုးခဲ့ရာ ခရမ်းချဉ်သီးဈေးများ ကျဆင်းနေသဖြင့် အရှုံးပေါ်ပြီး အခက်ကြုံနေကြကြောင်း မြို့သစ်မြို့နယ်အတွင်းမှ ခရမ်းချဉ်စိုက်တောင်သူများထံက သိရသည်။