သတင်းများ

ဝေါလေမြိုင်မြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Mar 23,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ဒေသခံပြည်သူများ မြန်မာနိုင်ငံ၏ တပ်မတော်နေ့အကြောင်း သိကောင်းစရာ ဗဟုသုတများကို သိရှိနိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော ၂၀၂၂ ခုနှစ် (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နေ့လည် ၁၂ နာရီအချိန်က ရပ်ကွက်များနှင့် စာသင်ကျောင်းများ၌ သွားရောက်ဖြန့်ဝေခဲ့သည်။
ကလောမြို့နယ်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club မှ စာဖတ်ဝိုင်းကျင်းပ
Mar 23,2022
ပြည်သူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေးအမြင်များရရှိပြီး ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ် အမျှော်အမြင်များရရှိလာစေရေးနှင့် စာအုပ်စာစောင်းများကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က စာရေးဆရာ မောင်နေခြည်(ပြည်)ရေးသားသည့် ပွင့်သောပန်းတို့ အလန်းဆုံးဝေ စာအုပ်ဖြင့် ပြုလုပ်ခဲ့သည်။
ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းမှ ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်များလှူဒါန်း
Mar 23,2022
ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းမှ ကရင်ပြည်နယ်အတွင်း မြို့နယ်များရှိ ကျေးရွာအုပ်စု /ကျေးရွာများ၌ ဖွင့်လှစ်ထား သည့် ကျေးရွာစာကြည့်တိုက်များသို့ သုတ ရသ စာအုပ်များအား ပေးအပ်လှူဒါန်းလျက်ရှိရာ ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီး မြို့နယ် အတွင်းရှိ ကျေးရွာစာကြည့်တိုက်များသို့ သုတရသ စာအုပ်များအား ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်း ချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပသည်။
ဟိုပန်၌ နွေရာသီအခြေခံအားကစား သင်တန်းဖွင့်လှစ်မည်
Mar 23,2022
ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ် အားကစားနှင့် ကာယပညာဉီးစီးဌာနမှ မြို့နယ် အားကစားတိုးတက်ဖွံ့ဖြိုးစေရန်၊ အားကစားနည်းအလိုက် အခြေခံမှစ၍ စနစ်တကျ သိတက်ကြစေရန်နှင့် ကျောင်းသား/သူ၊ လူငယ်များအား နွေရာသီ ကျောင်းပိတ်ရက်များအား အကျိုးရှိရှိ အသုံးချတက်စေရန် ရည်ရွယ်၍ ဟိုပန်မြို့နယ်အားကစားကွင်း၌ မတ်လ ၂၅ ရက်နေ့၊ ညနေ ၃ နာရီ အချိန်မှ စတင်ကာ နွေရာသီ အခြေခံအားကစား သင်တန်းဖွင့်လှစ် သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာနမှ မိုးကောင်းမြို့ရိပ်သာကျောင်းတိုက်သို့ ဆွမ်းဆန်အိတ်များလှူဒါန်း
Mar 23,2022
ပြည်ထဲရေးဝန်ကြီးဌာနမှ ဆွမ်းဆန်အိတ်များလှူဒါန်းမှုကို ကချင်ပြည်နယ်၊ မိုးညှင်ခရိုင်၊ မိုးကောင်းမြို့နယ် နောင်ကိုင်တော်ရပ်ကွက်ရှိ မဟာတိလောကရာမပရိယတ္တိစာသင်တိုက်၌ မတ် ၂၃ ရက်နံနက်(၈)နာရီတွင် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
နမ့်ဆန်မြို့နယ် လူထုဗဟိုပြုဌာန Community Center ရုံးခန်းတွင် မီးဘေးလုံခြုံရေးအသိပညာပေး (Talk Show) ပြုလုပ်
Mar 23,2022
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးဌာနနှင့် နမ့်ဆန်မြို့နယ် မီးသတ်ဦးစီးဌာနသို့ ပူးပေါင်း၍ လူထုဗဟိုပြုဌာန Community Center ရုံးခန်း၌ ယနေ့နံနက် ၁၀ နာရီအချိန်ခန့် က "မီးဘေးလုံခြုံရေးအသိပညာပေး" (Talk Show) ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 23,2022
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်များအဖြစ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီခွဲအချိန်က ဘူးသီးတောင်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ မေယုရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လှိုင်းဘွဲမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 23,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ပြည်သူများ သိရှိနိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့သည်။