သတင်းများ

တံတားဦးမြို့နယ်တွင် မြို့နယ်ပြည်သူ့စာကြည့်တိုက် ( Community Centre )ခန်းမ၌  ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Jun 20,2022
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက မြို့နယ်ပြည်သူ့စာကြည့် တိုက် ( Community Centre )ခန်းမ၌  ကျင်းပခဲ့ကြောင်းသိရသည်။
မြို့သစ်မြို့နယ် နွေစပါးစိုက်ပျိုးသူများ နွေစပါး ဆက်လက် ရိတ်သိမ်း
Jun 20,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နွေစပါး ဧကခြောက်ထောင်ကျော် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းကာ နွေစပါးစိုက်ပျိုးသူများ ဆက်လက်ရိတ်သိမ်းနေကြောင်း သိရသည်။
သထုံမြို့နယ်တွင် ငါးဆေးထိုးသားဖောက်ခြင်းနှင့် ရေချိုငါးမွေးမြူရေး သင်တန်းဖွင့်ပွဲကျင်းပ
Jun 20,2022
မွန်ပြည်နယ်၊ သထုံမြို့ရှိ ငါးလုပ်ငန်းသင်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန်ခန့်က ငါးဆေးထိုးသားဖောက်ခြင်းနှင့် ရေချိုငါးမွေးမြူရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပသည်။
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Jun 20,2022
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါနှင့် မျိုးဗီဇပြောင်းရောဂါ(အိုမီခရွန်) ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် ရောဂါကာကွယ်ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မုဒုံမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် လက်ရက်ကန်း ခြောက်လသင်တန်း ရေးဖြေစာမေးပွဲ ကျင်းပ
Jun 20,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်အောက်ရှိ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (မုဒုံမြို့)တွင် လက်ရက်ကန်း ခြောက်လသင်တန်း တက်ရောက်နေသည့် သင်တန်းသူများအား ရေးဖြေစာမေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက သင်တန်းကျောင်း၌ ပြုလုပ် ကျင်းပသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မက်မန်းခရိုင်ရုံး (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jun 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊မက်မန်းမြို့နယ်၌ ယနေ့ နံနက် ၉ နာရီအချိန်က စာရေးဆရာ ခင်မောင်ညို(ဘောဂဗေဒ) ရေးသားသည့် “ဘဝတစ်လျှောက် အောင်မြင်ပျော်ရွှင်နည်း” စာအုပ်စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့် ကျေးရွာများသို့ သောက်သုံးရေ လှူဒါန်းခဲ့ရာ ရေဂါလံနှစ်သိန်းငါးသောင်းရှစ်ထောင် လှူဒါန်းခဲ့ပြီဖြစ်
Jun 20,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော နတ်ပလင်ကျေးရွာနှင့် ကံကျဲကျေးရွာသို့ ယနေ့နံနက် ၉ နာရီ အချိန်က သောက်သုံရေဂါလန် (၃၂၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော် အသင်းအကျိုးတော်ဆောင် များထံက သိရသည်။