သတင်းများ

ဒေးဒရဲမြို့၌ နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေး ဟောပြောပွဲကျင်းပ
Jun 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် တိုင်းရင်းဆေးဦးစီးဌာနက ကျေးရွာနေပြည်သူများကို ဆေးဝါးစောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လောင်းလုံးမြို့နယ်တွင် အသက် (၅) နှစ်မှအထက် ကလေးသူငယ်များ၊ ကျောင်းသား/သူများ နှင့် ပြည်သူများအား ကိုဗစ်–၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jun 20,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် အသက် ၅ နှစ်မှအထက် ကလေးသူငယ်များ၊ ကျောင်းသား/သူများနှင့် ပြည်သူများအား ကိုဗစ်–၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲအချိန်က လောင်းလုံးမြို့နယ်ခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင်မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းအသိပညာပေးဟောပြောပွဲနှင့်  ကဗျာရွတ်ပြိုင်ပွဲကျင်းပ
Jun 20,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင်၂၀၂၂-ခုနှစ်ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းအသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကိုယနေ့ နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမ၌ပြုလုပ်ခဲ့သည်။
သံတောင်ကြီးမြို့နယ် ကစောပလိုအလယ်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ဆောင်ရွက်ရန်အတွက် ကွင်းဆင်းဆောင်ရွက်
Jun 20,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဦးစီး၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP) ထိရောက်အောင်မြင်စေရန်၊ ကျေးရွာလူထုကို စည်းရုံးနိုင်စေရန်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေါင်းဆောင်၏ အခန်းကဏ္ဍကို သိရှိနားလည်ပြီး ကျင့်သုံးတတ်လာစေရန်ရည်ရွယ်၍ ကစောပလိုအလယ်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ဆောင်ရွက်ရန်အတွက်
ရွှေကူမြို့နယ်တွင် ရေဘေးသင့်အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် ဆေးဝါးများ ထောက်ပံ့ပေးအပ်ပြီး အားပေးစကားပြောကြား 
Jun 20,2022
ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊‌ ရွှေကူမြို့တွင် ဧရာဝတီမြစ်ရေမြှင့်တက်လာမှုကြောင့်  မြစ်ကမ်းနံဘေးရှိ ကျေးရွာများနှင့် မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း မြစ်ရေဝင်ရောက်မှုကြောင့် ရေကြီးနှစ်မြုပ်၍ ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်ကြသော ရေဘေးသင့် အိမ်ထောင်စု များအား မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီမှ ယနေ့နံနက် ၁၀ နာရီခန့်တွင် အခြေခံ စားသောက်ကုန်များနှင့် ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တောင်ငူမြို့နယ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jun 20,2022
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်သိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ကြီးမှုး၍ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကျုံးပတ်လမ်း၌ ယနေ့နံနက် ၈ နာရီအချိန်က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပသည်။
ကန့်ဘလူ၌ မိုးစပါးမျိုးစေ့ထုတ်လုပ်ခြင်း စိုက်ပျိုးနည်းပညာပေးသင်တန်း ဖွင့်လှစ်
Jun 20,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် ဒေသခံတောင်သူလယ်သမားများ မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထုတ်လုပ်ခြင်းဖြင့် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မိုးစပါးမျိုးစေ့ထုတ်လုပ်ခြင်း စိုက်ပျိုးနည်းပညာပေးသင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
စပါးတိုက်ရိုက် မျိုးစေ့ချကိရိယာ (DRUM SEEDER) နှင့် လူထိုင်စီး သမန်းမွှေ ကိရိယာဖြင့် ထွန်ယက်ခြင်း သရုပ်ပြပွဲကျင်းပ
Jun 20,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့ နံနက်ပိုင်းက တောင်ငူမြို့ ကန်ရိုးကျေးရွာ မိုးစပါးသရုပ်ပြစိုက်ကွင်း အတွင်း စပါးတိုက်ရိုက် မျိုးစေ့ချကိရိယာ ( DRUM SEEDER ) နှင့် လူထိုင်စီး သမန်းမွှေ ကိရိယာဖြင့် စိုက်ပျိုးနည်း ကွင်းသရုပ်ပြပွဲ ကျင်းပသည်။