ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ စီမံကိန်းအကောင်အထည် ဖော်နိုင်ရေးနှင့် အပတ်စဉ် အစည်းအဝေးကျင်းပ

ရွှေဘို မေ ၁၀

ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စီမံကိန်း အကောင်အထည်ဖော်နိုင်ရေးနှင့် အပတ်စဉ် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှု အစည်းအဝေးအား ယနေ့နံနက် ၁၀နာရီခွဲအချိန်က ကျင်းပကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ရှေးဦးစွာ အစည်းအဝေး ကျင်းပရခြင်း အကြောင်းအား ရှင်းလင်းပြောကြားပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စီမံကိန်း အကောင်အထည် ဖော်နိုင်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ စတင်လုပ်ဆောက်လျှင် ပြီးစီးမှု ရာခိုင်နူန်းအား လစဉ်တင်ပြရန်၊ ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့် မိမိဝန်ထမ်းများအား ဝန်းထမ်းဥပဒေ၊ နည်းဥပဒေများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဆောင်ရွက်သင့်ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှု အခြေအနေအရ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ထိ မြို့တော်ခန်းမတွင် ထိုးနှံပေးလျက်ရှိကြောင်းနှင့် မိုဘိုင်းထိုးနှံမှုအနေဖြင့် မြို့ပြင်ရှိ မြို့ဝင်ဂိတ်များတွင် အဖွဲ့ ၄ဖွဲ့ခွဲပြီး ထိုးနှံပေးလျက်ရှိကြောင်း၊ ၁၀၀ရာခိုင်နှုန်း ပြည့်မီရေး ဆောင်ရွက်လျက်ရှိကြောင်း ကျောင်းဖွင့်ချိန်များတွင် အသက်၁၂နှစ်အောက် ကလေးများအား ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်း၊ ကဆုန်ညောင်ရေသွန်းပွဲအား စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အပတ်စဉ်‌စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြို့ဝင်မုဒ်ဦးနေရာတွင် ခြုံနွယ်များအား သန့်ရှင်းရေးဆောင်ရွက်သွားရန်နှင့် ဌာနဆိုင်ရာများ ပေါင်းစပ်ဆောင်ရွက်ပေးရန်ရှိပါက ပေါင်းစပ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး မြို့နယ်စီမံကိန်းဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျှင် လုပ်ငန်းစတင် ဆောင်ရွက်လျှင် လစဉ်တိုးတက်မှု ရာခိုင်နှုန်းပြီးစီးမှု အခြေအနေအား လစဉ်တင်ပြရန် ပြောကြားပြီး ဌာနဆိုင်ရာများမှ ပေါင်းစပ်ညှိနှိုင်းရမည့် ကိစ္စရပ်များ၊ လုပ်ငန်းဆောင်ရွက်မှုများ တည်ဆောက်ရေးပြီးစီးမှု အခြေအနေများအား ဆွေးနွေးပြောကြားကြောင်း သိရသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးမှ နိဂုံးချုပ်အနေဖြင့် ဌာနဆိုင်ရာများအနေဖြင့် လုံခြုံရေး အထူးသတိပြုရန်နှင့် ပေါင်းစပ်ညှိနိူင်းရမည့် ကိစ္စရပ်များအား သက်ဆိုင်ရာ ဌာနအသီးသီးအား ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားကာ အစည်းအဝေးကို ၁၁ နာရီခွဲ အချိန်တွင် ပြီးမြောက်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)