တံတားဦး မေ ၁၀
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5 (သင်ရိုးသစ်) Face to Face (မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပကြောင်းသိရသည်။
သင်တန်းဖွင့်ပွဲတွင် နိုင်ငံတကာစံချိန်မီ မြန်မာနိုင်ငံနဲ့ ကိုက်ညီသည့်သင်ရိုးကို ရေးဆွဲပြီးဖြစ်ကြောင်း ၊နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအဓိကသည် ပညာရေးဖြစ်ပြီး ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေး ဖြစ်မှသာလျှင် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုဖြစ်လာမှာဖြစ်ကြောင်း၊ ခေတ်နှင့်အညီကိုက်ညီသော ပညာရေးဖြစ်မှသာလျှင် ခေတ်မီနိုင်ငံတော်တည်ဆောက်နိုင်မည်ဖြစ် ကြောင်း တံတားဦးမြို့နယ်ပညာရေးမှူး ဦးကျော်ကျော်မွန်၏ထံမှ သိရသည် ။
တံတားဦးမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၁၂၁)ကျောင်း ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပေါင်း(၉)ကျောင်း စုစု ပေါင်း (၁၃၀)ရှိပြီး သင်တန်းတက်ရောက်သူ ဆရာ ၊ ဆရာမပေါင်း (၅၇၉)ဦးအား စာသင်ခန်း(၁၈)ခန်းဖြင့် သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ(၃)ရက် ကြာမြင့်မည့်ဖြစ်ရာ သင်တန်းကို နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ တစ်နေ့လျှင် နှစ်ဘာသာနှုန်းဖြင့် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ဦးရဲတင့်