၂၀၂၂-၂၀၂၃ အခြေခံပညာမူလတန်းအဆင့် (Grade-5) သင်ရိုးသစ် မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်

သရက်ချောင်း  မေ ၁၀

နိုင်ငံတစ်နိုင်ငံရဲ့ ဖွံဖြိုးတိုးတက်မှုအဓိကသည် ပညာရေးဖြစ်ပြီးဘက်စုံလွမ်းခြုံနိုင်သော ပညာရေးဖြစ်မှာသာလျှင် ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုဖြစ်လာမှာဖြစ်ပါသည်။ ခေတ်နှင့်အညီ ကိုက်ညီသော ပညာရေးဖြစ်မှသာလျှင် ခေတ်မီနိုင်ငံတော်တည်ဆောက်နိုင်မည်ဖြစ်သည်။ ပညာရေးပြောင်းလဲမှုများ ပြုလုပ်တဲ့အထဲမှာ သင်ရိုးညွန်းတမ်းပြောင်းလဲမှုဟာလဲ အရေးကြီး ပါသည်။ အဆိုပါ သင်ရိုးသစ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၀၈း၃ဝ) အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (ပညာရတနာခန်းမ) ၌ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။        

အခမ်းအနားတွင် သရက်ချောင်းမြို့နယ် ပညာရေးမှူး ဒေါ်စန်းစန်းဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားသို့ ဒုတိယမြို့နယ်ပညာ​ရေးမှူး ဦးခင်မောင်စိုးနှင့် ဒုတိယမြို့နယ်ဦးစီးမှူး ဦးစောမိုးကျော်၊ လက်ထောက်ပညာရေးမှူး ဦးဇော်မိုး၊ လက်ထောက်ပညာရေးမှူး ဦးစိုးလွင်နှင့် သင်တန်းသူ ၊သင်တန်းသားဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြပါသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ တီထွင်ဖန်တီးတတ်စေရန်၊ အတွေးအခေါ်ကောင်းများ ရှင်သန်စေရန်၊ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးတတ်စေရန်၊ လက်တွေ့ကျကျ အကောင်အထည်ဖော်တတ်စေရန်နှင့် ဆရာ၊ ဆရာမများ သင်ကြားပို့ချမှုများ အရည်အသွေးကောင်းမွန်စေရန် ရည်ရွယ်၍ သင်ရိုးသစ်(Grade – 5) ဆင့်ပွားသင်တန်းကို သင်ကြားပို့ချရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက  သိရသည်။

အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ မူလတန်းကျောင်းအုပ်သင်တန်းနည်းပြ(၁၈)ဦးက သင်ကြားပို့ချမည်ဖြစ်ရာ သင်တန်းသား အ‌ခြေခံပညာ‌မူလတန်းပြ ဆရာ၊ ဆရာမ (၂၄၉)ဦး တက်ရောက်သင်ယူလျက်ရှိပြီး မေလ(၁၀)ရက်နေ့မှ (၁၃) ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သားကြီး (သရက်ချောင်း)