မြစ်သား မေ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် နွေရာသီကျောင်းပိတ်ရက် ကလေးငယ်များအတွက် စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် စက္ကူခေါက်ပြိုင်ပွဲကို ယနေ့နံနက်(၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က နွေရာသီကျောင်းပိတ်ရက်များတွင် ကလေးငယ်များအတွက် အသိပညာဗဟုသုတများတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးစေရန်၊ မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စိတ်ကြိုက်ပန်းချီပြိုင်ပွဲတွင် ပေတောပရဟိတကျောင်းမှ ကျောင်းသားလေးများက မိမိနှစ်သက်ရာ ပန်းချီရေးဆွဲခြင်းကို ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ စက္ကူခေါက်ပြိုင်ပွဲတွင် ဘဲရုပ်ပြုလုပ်ပုံအဆင့်ဆင့်ကို ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါ စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် စက္ကူခေါက်ပြိုင်ပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများနှင့်မိဘများ၊ စာဖတ်ပရိသတ်များ၊ အာဟာရအလှုရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သီတာအောင်(မြစ်သား)