တကောင်း မေ ၅
တကောင်းမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါပိုးအား သတိပြု ကာကွယ်နိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့ပေါ်ရက်ကွက်များသို့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေ ထိုင်ကြရန်၊ ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ကြရန်၊ နှာခေါင်းစည်းတပ်ဆင်ရာတွင်လည်း မတပ်ဆင်ခင် လက်ကို စနစ်တကျ သန့်ရှင်းရန်၊ အသုံးပြုပြီးသော နှာခေါင်းစည်းများကို စနစ်တကျ စွန့်ပစ်ကျရန်၊ ချောင်းဆိုး၊ နှာချေလျှင် တံတောင်ဆစ်ကွေးနှင့်အုပ်၍ ကာရံထားရန်၊ မိမိနေအိမ် ပြတင်းပေါက်များအား လေဝင်လေ ထွက်ကောင်းမွန်ရေးအတွက် ဖွင့်ထားကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း လိုက်နာနေထိုင်ကြရန်နှင့် ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် ထိုးနှံကြရန် အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
သီရိအောင်(တကောင်း)