ကွန်ပျူတာတက္ကသိုလ် (ပင်လုံ) ၌ တည်ဆောက်ရေးလုပ်ငန်းများ စစ်ဆေး

လွိုင်လင်   မတ်   ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ရှိ ကွန်ပျူတာတက္ကသိုလ် (ပင်လုံ) ဝင်းထက်မြန်မာတည်ဆောက်ရေးကုမ္ပဏီ က တာဝန်ယူတည်ဆောက်နေသည့်  (၁၈၈  ပေ × ၄၈ ပေ) ရှိ RC နှစ်ထပ်စာသင်ဆောင် လုံး တည်ဆောက်နေမှုအား လွိုင်လင်ခရိုင်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲ (:၃၀) အချိန် က သွားရောက်စစ်ဆေးသည်။

အဆိုပါ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ခရိုင်ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ ရောက်ရှိကြရာ ကွန်ပျူတာတက္ကသိုလ် (ပင်လုံ) တာဝန်ခံပါမောက္ခချုပ် ဒေါက်တာ မြင့်မြင့်ခိုင် နှင့်တာဝန်ရှိသူများ၊ ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာနှင့် အဖွဲ့ဝင်များ က ကြိုဆိုကြပြီး လုပ်ငန်းခွင်အတွင်း လိုက်လံရှင်းလင်း ပြသကြသည်။ ခရိုင်ဥက္ကဋ္ဌ က လုပ်ငန်းများဆောင်ရွက်ရာတွင် အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးပြည့်မီပြီး စံချိန်စံညွှန်းကိုက်ညီရေး အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

လွိုင်လင်မိုး