သထုံမြိုနယ်တွင် အဋ္ဌမတန်း နှစ်ဆုံးစာမေးပွဲ နောက်ဆုံးရက်ကို ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုပြီးစီး

သထုံ    မတ်   ၂၃

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အခြေခံပညာ အလယ်တန်းအဆင့် အဋ္ဌမတန်း နှစ်ဆုံးစာမေးပွဲ နောက်ဆုံးရက်အဖြစ် သိပ္ပံဘာသာရပ်ကို ယနေ့ပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာဖြင့် ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။

သထုံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အဋ္ဌမတန်းနှစ်ဆုံး စာမေးပွဲကို ယခုလ ၁၇ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ သထုံမြို့နယ်အတွင်း စာစစ်ဌာန (၂၃)ခုတို့၌ နှစ်ဆုံးစာမေးပွဲ လာရောက် ဖြေဆိုသူ(၈၄၂)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကိုကိုဦး(ပြန်/ဆက်)