ဝါးခယ်မမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ဆက်လက်ထုတ်ပေး

ဝါးခယ်မ  မတ်၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာများကို ယနေ့နံနက်(၉)နာရီမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်ခွဲရှိဝန်ထမ်းများက ဆက်လက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပင်စင်လစာများကို ထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်များ နှင့်အညီ  စနစ်တကျ ထုတ်ပေးလျက်ရှိသည်။ ဝါးခယ်မမြို့နယ်တွင် ပင်စင်စား ဝန်ထမ်း(၂၇၄၃)ဦးရှိပြီး မတ်၂၁ ရက်နေ့မှ ဧပြီလ၂၀ ရက်နေ့အထိ နေ့စဉ်နံနက်(၉)နာရီမှ နေ့လယ်(၂)နာရီထိ ပင်စင်လစာငွေများ ထုတ်ပေးသွားမည်ဖြစ်သည်။ မတ်လ ၂၁ ရက်‌နေ့မှ ယနေ့ထိ လာရောက်ထုတ်ယူသူ (၁၂၀၀) ဦးခန့်ရှိပြီး ကျန်ရှိသူများအား ဘဏ်လုပ်ငန်းချိန် အတွင်း၌ ဆက်လက်ထုတ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းထက်လင်း(ဝါးခယ်မပြန်/ဆက်)