တောင်တွင်းကြီး မတ် ၂၃
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲက ကျောင်းသား၊ ကျောင်းသူလူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် ကျန်းမာကြံခိုင်စေရေး ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့က လူငယ်ရေးရာအသိညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းယုက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဖြင့် ပြည်စုံစေပြီး နောင်အနာဂတ်ရဲ့ နိုင်ငံသားကောင်း၊ သမီးကောင်းများစွာ ပေါ်ထွန်းစေရန်အတွက် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေးနှင့် အကျင့်စာရိတ္တကောင်းမွန်ရေးအတွက် နွေရာသီကျောင်းပိတ်ရက်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနလူထု အခြေပြုဗဟိုဌာနတွင် အခမဲ့ဖွင့်လှစ်သင်ကြားမည့် အင်္ဂလိပ်စာအခြေခံ Grammmar သင်တန်း၊ အခြေခံပန်းချီသင်တန်း၊ အခြေခံဂစ်တာတီးနည်းသင်တန်း၊ ရှေးဦးလူနာပြုစုနည်း သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဦးကျော်ဦးက ကျန်းမာရေးကဏ္ဍ၏ အရေးကြီးပုံနှင့် နွေရာသီကျောင်း ပိတ်ရက်တွင် အားကစားသင်တန်းများ ဖွင့်လှစ်ပို့ချမည်ဖြစ်သဖြင့် မိမိတို့ဝါသနာပါရာအလိုက် သင်တန်းများကို တက်ရောက်နိုင်ပါကြောင်း အသီးသီးဟောပြောခဲ့ကြကာ ကျောင်းသား၊ ကျောင်သူများအတွက် ဘော့လုံးနှင့် ပိုက်ကျော်ခြင်းလုံးများကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါလူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၁၁၀ ဦးတို့ တက်ရောက် ခဲ့ကြောင်း သိရသည်။
နိုင်ဝင်း(ပြန်/ဆက်)