ဆင်​ပေါင်ဝဲမြို့နယ်တွင် မုန်တိုင်းအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ဆင်ပေါင်ဝဲ မတ် ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး ဦးဝင်းရွှေ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးမှူး ဦးအောင်မျိုးထွန်းနှင့် ဝန်ထမ်းများ၊ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ မြိုနယ် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ကပ္ပလီပင်လယ် ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေမှု အခြေအနေကြောင့် မုန်တိုင်းအန္တရာယ်ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီက မြိုတွင်းလမ်းတစ်လျှောက် လူစည်ကားရာနေရာများ၊ ဈေးများသို့သွားရောက်၍ အသိပညာပေး လက်ကမ်းစာစောင်များ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

အဆိုပါမုန်တိုင်းအသိပညာပေး လက်ကမ်းစာစောင်တွင် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန် အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ် လိုက်နာရန်အချက်များနှင့် မုန်တိုင်းအန္တရာယ်ကို နားလည်သဘောပေါက်လွယ်စေရန် အရောင်ဖြင့် သတိပေးချက်များစသည့် အသိ ပညာပေးဆိုင်ရာများပါရှိကြောင်း သိရသည်။

နိုင်လင်း(မြို့နယ်ပြန်/ဆက်)