သဲကုန်း မတ် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာနနှင့် အားကစား နှင့် ကာယပညာဦးစီးဌာန တို့ပူးပေါင်းကာ လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်အဖြစ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်၁၁နာရီက အ.ထ.က သဲကုန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာသဲကုန်းမြို့နယ်ပညာရေးမှူး ဦးဌေးဝင်းက အဖွင့်အမှာစကားပြောကြား၍ စိတ်ဓာတ်စည်းကမ်း ကောင်းမွန်သော လူကောင်းလူတော်များပေါ်ထွက်ရေး ဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင့်နန္ဒာဌေး က ယနေ့လူငယ်များသည် အနာဂတ်နိုင်ငံတော်ကို ပခုံးပြောင်းတာဝန်ယူကြရမည့်သူများ အနေဖြင့် ဗလငါးတန်း ပြည့်စုံစေရန် လူငယ်နှင့်ရည်မှန်းချက်၊စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြရန်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ပေါင်းသင်း ဆက်ဆံ ရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ကြီးပွားရေး၊ မျိုးချစ်စိတ်ရှင်သန်ရေးရှိကြစေရန် ဟောပြောကာ၊အားကစားနှင့် ကာယပညာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အသီးသီးဟောပြောခဲ့ကြသည်။
ထို့နောက်ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသူကျောင်းသားများ၊ ဆရာ၊ ဆရာမများက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်များအသိပညာပေးနံရံကပ် စာစောင်များကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဝင့်နန္ဒာဌေး