ကျောက်ဖြူမြို့တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာ စောင်များ အခမဲ့ဖြန့်ဝေ

ကျောက်ဖြူ  မတ်လ ၂၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ လတ်တလော င်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းအခြေအနေကြောင့် မုန်တိုင်းဘေး အန္တရာယ် ဖြစ်ပွားနိုင်သဖြင့် ဒေသခံပြည်သူများအား မုန်တိုင်းအန္တရာယ် ဆိုင်ရာများကိုသိရှိပြီး ကြိုတင် ကာကွယ်မှုများ ပြုလုပ်နိုင်စေရန်အတွက် အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ မြစ်နားတန်းရပ်ကွက်ရှိ ဂျပန်မဆိပ် ကမ်းနှင့် လမ်းဆုံ၊ လမ်းခွနေရာများတွင် အခမဲ့ဖြန့်ဝေခဲ့ကြသည်။

ထိုသို့ ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက မြစ်ဆိပ်ကမ်းတစ်လျောက်တွင် ကုန်တင်ကုန်ချပြုလုပ် နေသူများ၊ ဈေးရောင်း၊ ဈေးဝယ်လာသူများ၊ ကုန်စုံဆိုင်ခန်းများတွင် ဈေးရောင်းချနေသူများနှင့် အငှားယာဉ်မောင်းနှင်နေသူများကို မုန်တိုင်းဘေး အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေခဲ့ကြသည်။

အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် မုန်တိုင်းသတိပေးချက်ရရှိပါက ဆောင်ရွက် ရန် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ၊ မုန်တိုင်း ဖြစ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ ကြိုတင်ကာကွယ်ရေးဆိုင်ရာများ၊ မုန်တိုင်း သတိပေးချက် အရောင်သင်္ကေတ အဆင့်()ဆင့်စသည့် အသိပညာပေး ဆိုင်ရာများ ပါရှိကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)