ဒဂုံအရှေ့ မတ် ၂၂
ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ်(အရှေပိုင်း)မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းနှင့် ကျောင်းသားကျောင်းသူလူငယ်များဖြင့် ပူးပေါင်း၍ ယနေ့နံနက်၁၀နာရီအချိန်က ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လူထုအခြေပြု ဗဟိုဌာန CommunityCentre ခန်းမတွင် ကျောင်းသား/ကျောင်းသူ လူငယ်များအား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ သည်။
အဆိုပါလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၌ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် မြို့နယ်စာရေးဆရာအသင်းမှ အဖွဲ့ဝင် ဦးဝင်းသိန်း က"အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး" ခေါင်းစဉ်ဖြင့် လူငယ်များနှင့် စိတ်ဓာတ်၊ လူငယ်နှင့် အနာဂတ်၊ ကျောင်းစာသာမက စာပေဗဟုသုတ ပေါင်းစုံ လေ့လာမှတ်သားရမည့်အချက်များ၊ စာတတ်ဖို့သာမက ပညာ တတ်ရဖို့ အဓိကအကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်၍ ကျောင်းသားကျောင်းသူ လူငယ်များမှ ဟောပြောမူအပေါ် ပြန်လည် ဆွေးနွေးခဲ့ကြပြီး နောက်ခန်းမတွင် ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ (၇၇) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်နံရံကပ်စာစောင်များအား လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)