မန္တလေး မတ် ၂၂
(၇၇)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဆေးရောင်ခြယ်၊စိတ်ကြိုက်ပန်းချီ ရေးဆွဲပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက မန္တလေး၊အောင်မြေသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ပြည်သူလူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်စံပယ်က ပန်းချီဆွဲပြိုင်ပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား သည်။ ဆက်လက်၍ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်စိတ်ကြိုက်ပန်းချီရေးဆွဲးပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြသည်။
ထို့နောက် ပါဝင်ယှဉ်ပြိုင်ကြသော ကျောင်းသား/ကျောင်းသူလေးများအား အမှတ်တရ လက်ဆောင်များ တစ်ဦးခြင်း ပေးအပ်ကြကြောင်း သိရသည်။
မြင့်မော်ထွန်း