စလင်းမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

စလင်း  မတ် ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ မြင်တင်ရပ်ကွက် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် အားကစားနှင ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်ကျောင်းရှိ မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ဆရာဦးဌေးအောင် တာဝန်ခံကျောင်းအုပ်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဇင်မာအောင်က လူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး ခေါင်းစဉ်ဖြင့် ရှင်းလင်းပြောကြားရာတွင် ကျောင်းသား/သူများအား အကျင့်စာရိတ္တ ကောင်းမွန်ရန်နှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေးအတွက် ကလေးဘဝအရွယ်မှစ၍ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ပညာဂုဏ် ပြည့်စုံဖို့ကြိုးစားကြရန် လိုအပ်ကြောင်း၊ မိမိလူမျိုးတို့၏ စာပေ၊ မိမိလူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ချစ်ခင်လးစား မြတ်နိုးတန်ဘိုးထားကြရန် လိုအပ်ကြောင်းနှင့် စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ နည်းစနစ်မှူး ဦးဖြိုးဇေယျာကျော်မှ လူငယ်လူရွယ်များ ဗလငါးတန် ဖွံဖြိုးတိုးတက်ပြီး အားကစားစိတ်ဓာတ် ပိုမို သက်ဝင်ယုံကြည်ခြင်းသည် တစ်မျိုးသားလုံး၏ ကာယဉာဏ၊ စာရိတ္တ၊ ဖွံ့ဖြိုးတိုးတက်လာစေပြီး အားကစားကို စိတ်ပါဝင်စားပြီး ကျန်းမာကြံခိုင်သော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ လူငယ်နှင့် အားကစားအကြောင်း ဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၈၅)ဦး တက်ရောက်ကြကြောင်း သိရသည်။

မောင်လွင်