အောင်လံ မတ် ၂၂
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာ ကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က အဖွင့်အမှာစကားပြောကြားရာတွင် သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့ရပါက ဆောင်ရွက်ရမည့်အခြေအနေများ၊ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများ၊ နှိုးဆော်သတိပေးခြင်း လုပ်ငန်းများပြုလုပ်ရန်နှင့် သက်ဆိုင်ရာဌာနများအလိုက် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ် လာပါက ဝိုင်းဝန်ကူညီဆောင်ရွက်သွားကြရန်မှာ ကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်ဇေယျာအောင်က သဘာဝ ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဌာနဆိုင်ရာများမှပူးပေါင်း ပါဝင်ဆောင်ရွက်ရမည့်အခြေအနေများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသောဌာနဆိုင်ရာများမှ မိမိတို့ဌာန အလိုက်ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို တင်ပြဆွေးနွေးကြကာ မြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို ဖြည့်ဆည်းမှာကြားခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)