ညောင်လေးပင် မတ် ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင် လစာငွေများကို မတ်လ၂၁ရက်မှ၃၀ရက်အထိ နံနက်(၇:၀၀)နာရီအချိန်မှစ၍ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အလှည့်ကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ပင်စင်လစာ ထုတ်ပေးရာတွင် ယနေ့ထုတ်ယူရသည့် မြို့ပေါ်ရပ်ကွက်များမှ အငြိမ်းစားဝန်ထမ်းများအား ထုတ်ပေးလျက်ရှိရာ လာရောက်ထုတ်ယူသူများပြားလျက်ရှိပြီး ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့်လည်း မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)