မရမ်းကုန်းမြို့နယ် သံဃာ့တက္ကသိုလ်သို့ မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ တစ်ဆုပ် ဆန်သွား​ရောက်လှူဒါန်း

မရမ်းကုန်း မတ် ၂၂

ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊  မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဝေဇယန္တလမ်းမကြီး၊ သံဃာ့တက္ကသိုလ် လမ်းသွယ်၊ သံဃာ့တက္ကသိုလ်၌ ယ​နေ့နံနက် ၇:၀၀နာရီအချိန်က မြို့နယ်အ​ထွေ​​​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ တစ်ဆုပ်ဆန် လှူဒါန်းခြင်း​ ကုသိုလ်​ပြု​ဆောင်ရွက်ခဲ့သည်။

အဆိုပါလှူဒါန်းမှုအား မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​​​ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးတင်​ဇော်​ဇော်​အောင်နှင့် ဝန်ထမ်းများက သံဃာ​တော်များအတွက် တစ်ဆုပ်ဆန် စုစု​ပေါင်း (၈)အိတ်အား ဆရာ​တော်ထံသို့​ပေးအပ်ကုသိုလ်ယူ လှူဒါန်းခဲ့​ကြောင်းသိရသည်။

​အေး​အေး​အောင်