ဝါးခယ်မမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကူးစက်မှုထိန်းချုပ်ကာကွယ်ရေးအသိပညာပေး နှိုးဆော်ချက်များ နှင့်ကာကွယ်ဆေးထိုးနှံကြရန်ပြည်သူများအား အသိပေးလိုက်လံနှိုးဆော်

ဝါးခယ်မ ဒီဇင်ဘာ ၂ 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်အတွက်ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် နှင့်ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် ပူးပေါင်းပါဝင်နိုင်ရန် အသိပညာ ပေးနှိုးဆော်ခြင်းများကို ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ကရပ်ကွက်များအတွင်း ယနေ့နံနက်(၁၀)နာရီက လှည့်လည် နှိုးဆော်ခဲ့ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်ဝါးခယ်မမြို့အတွင်းရှိ ပြည်သူများအနေဖြင့်လက်ရှိဖြစ်ပေါ် နေသော ကိုဗစ်-၁၉ ရောဂါ ထိထိရောက်ရောက် ကာကွယ်နိုင်ရန် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စ ကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ရန်၊ ပြင်ပမှလာသောဧည့်သည် များအား လက်မခံပါရန်၊ နှာခေါင်းစည်း(Mask) မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ် ခြင်းမှရှောင်ကြဉ် ရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကိုကိုင် တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင်စနစ်တကျ ဆေးရန်နှင့်မိမိတို့၌ ရောဂါပိုး ကူးစက် ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသ ခံယူရန် စသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပေးချက်များ နှင့် ကိုဗစ်-၁၉ရောဂါကို ထိထိရောက် ရောက် ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံ ကြရန်ကို (Hand Speaker) ဖြင့် လိုက်လံ နှိုးဆော်ခဲ့ကြောင်း သိရသည်။

စောသန္တာဦး