ရှမ်းရွာသစ် ဒီဇင်ဘာ ၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မသန်စွမ်းဆိုင်ရာသိကောင်းစရာများ သိရှိစေရန်ရည်ရွယ်၍ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ (၃) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်း အမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Online မှ တစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်အေးအေးနွဲ့က (TalkShow) ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် မသန်စွမ်းသူများ၏ အခြေအနေ၊ မသန်စွမ်း သူများ၏ အခွင့်အရေးဥပဒေများ၊ တားမြစ် ချက်များနှင့်ပြစ်မှု၊ပြစ်ဒါဏ်များ၊ မသန်စွမ်းသူများ၏ အလုပ်အကိုင် အခွင့်အလမ်းမြှင့်တင်ရေးအတွက် ဆောင်ရွက်မှုအခြေ အနေများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ၏ အခွင့်အရေးများ ၊မသန်စွမ်းသူများအနေဖြင့် မိမိကိုယ်ကို ကာကွယ်ရမည့် အချက်များကို Online မှ တစ်ဆင့် အသိပညာပေးဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့