ပန်းတနော် ဒီဇင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြေနုကျေးရွာအုပ်စု ပိုက်တန်းကျေးရွာတွင်၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမ(၆) လတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)ဖြင့်ဆောင်ရွက်မည့် မြေသားလမ်းနှင့် (Slab Culvert) ဆောက်လုပ်မည့် နေရာအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးသိန်းလွင်နှင့်တာဝန်ရှိသူများ၊ ဒုတိယညွှန်ကြားရေးမှူး(နည်း)ဦးသန့်ဇော်လွင်နှင့် ခရိုင်ဦးစီးမှူးဒေါ်စိုးစိုးမြင့်တို့သည် ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များလမ်းညွှန်မှာကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများသည် ဘဝိုင်းကျေးရွာအုပ်စု အကယ်ချောင်းကျေးရွာတွင် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ဖွင့်လှစ်ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းအား ကြည့်ရှုစစ်ဆေး၍ သင်တန်းသားများအား လမ်းညွှန်မှာကြားခြင်း၊မြစိမ်းရောင်ကော်မတီများနှင့်တွေ့ဆုံ၍ စီမံကိန်းဆောင်ရွက်မှုအခြေအနေအား စစ်ဆေးခြင်းနှင့် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်